နေမာအကြောင်း မေးမြန်းချိန်မှာ ပြောကြားခဲ့တာပါ။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက အသင်းရဲ့ ကစားသမားဟောင်းနေမာ ဘာစီလိုနာကို ပြန်လာနိုင်ခြေရှိ၊ မရှိအပေါ် တုံ့ပြန်ရင်း ပီအက်စ်ဂျီနဲ့ သူတို့ရဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အမ်ဘာပေကို ပူပူနွေးနွေး စာချုပ်သစ်ချုပ်ဆိုထားတာပါ။



ဒီကစားသမားအတွက် ပီအက်စ်ဂျီက ယူရိုသန်းရာချီ အသုံးပြုဆွဲဆောင်ခဲ့ရတဲ့အပြင် အားကစားဒါရိုက်တာနဲ့နည်းပြတို့ထက် ပိုမိုများပြားတဲ့လုပ်ပိုင်ခွင့်ကိုပါ ပေးခဲ့ရပါတယ်။ ဒီလိုမျိုး ပီအက်စ်ဂျီရဲ့လုပ်ရပ်အပေါ် လာလီဂါဘောလုံးအဖွဲ့ချုပ်ကလည်း အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကိုရောက်ရှိဖို့ နီးစပ်ခဲ့ပြီး ဒီလိုမျိုး ပြင်သစ်ရဲ့ အထင်ကရ ကစားသမားကို လက်မလွှတ်ရဖို့ ပီအက်စ်ဂျီက ပြင်သစ်သမ္မတ မက်ခရွန်အပါအဝင် ပြင်သစ်နိုင်ငံရေးလောက,က အထင်ကရပုဂ္ဂိုလ်တွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ ဒီအပေါ်မှာ ဘောလုံးအသိုင်းအဝိုင်းက မကျေမနပ်ဖြစ်နေပါတယ်။

နေမာရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းလာချိန်မှာလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာက နေမာနဲ့အတူ ကျန်တဲ့ ကစားသမားတွေနဲ့ ပီအက်စ်ဂျီကိုပါ တပြိုင်နက်တည်း ထိုးနှက်သွားခဲ့တာပါ။ လာပေါ်တာက “နေမာကို မချစ်တဲ့သူ ရှိပါ့မလား? သူက ထူးခြားကောင်းမွန်တဲ့ ကစားသမားတယောက်ပါ”

“ဒါပေမယ့် တနေ့မှာ ဘာစီလိုနာကိုပြန်လာချင်တဲ့ ကစားသမားတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ပြန်လာသင့်ပါတယ်။ ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ စာချုပ်ချုပ်ထားတဲ့ ကစားသမားတွေကျတော့ ပိုက်ဆံအတွက် ကျွန်ဖြစ်လုဖြစ်နီးလောက်ကို လက်မှတ်ထိုးထားရတာပါ” လို့ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေဟာ အသင်းမှာလုပ်ပိုင်ခွင့်ရှိလာတဲ့နောက် နေမာကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီမတိုင်ခင်မှာတည်းက ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီအပါအဝင် အသင်းတာဝန်ရှိသူတွေက နေမာကို ပေါင်သန်း (၇၀) ဝန်းကျင်လောက်နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က