ပီအက်စ်ဂျီကစားသမားတွေက ပိုချက်တီနိုကို အသင်းကထွက်စေချင်နေတာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲပြီဖြစ်တဲ့ ဒီမာရီယာက လက်ရှိပီအက်စ်ဂျီအသင်းသားတွေဟာ နည်းပြပိုချက်တီနိုကို အသင်းကနေထွက်စေချင်နေကြကြောင်း၊ လာမယ့်ရာသီ ပိုချက်တီနိုမရှိတော့ရင် အသင်းက အပြောင်းအလဲအများကြီးနဲ့ ပိုကောင်းလာနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။



ဒီမာရီယာဟာ အသင်းသစ်အတွက် ဂျူဗင်တပ်စ်နဲ့ သတင်းထွက်နေပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာကပါ အဆိုပါ အာဂျင်တီးနားတောင်ပံကစားသမားကို ပစ်မှတ်ထားလာပါတယ်။ လက်ရှိပီအက်စ်ဂျီဟာ အပြောင်းအလဲများပြားနေတဲ့ ကာလဖြစ်ပြီး အရင်ဆုံး လီယိုနာဒိုရဲ့ အားကစားဒါရိုက်တာရာထူးကို ပြောင်းလဲပါလိမ့်မယ်။

ဒီရာထူးအတွက် အမ်ဘာပေနဲ့လက်တွဲခဲ့ဖူးတဲ့ လူးဝစ်ကမ်းပို့စ်က သေချာသလောက်ရှိနေပြီး နည်းပြသစ်နေရာအတွက်တော့ မသေချာသေးပါဘူး။ ပိုချက်တီနိုကို ရာထူးကထုတ်ပယ်ဖို့ သတင်းထွက်နေပေမယ့် အစားထိုးလို့ရတဲ့ နည်းပြကောင်းရှာဖွေရခက်နေဆဲပါ။ ဒီအနေအထားမျိုးမှာ ဒီမာရီယာက ပိုချက်တီနိုရဲ့ အနေအထားနဲ့ ပတ်သက်လို့ အခုလိုပြောကြားလာပါတယ်။

ဒီမာရီယာက “အခု အနေအထားကိုကြည့်ရတာ ကစားသမားတွေက ပိုချက်တီနိုကို အသင်းကနေ ထွက်စေချင်တာပါ။ အဲ့ဒီမှာ အရမ်းကိုကြီးမားတဲ့ အပြောင်းအလဲတွေရှိလာနိုင်ပြီး မက်ဆီက ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုအပြောင်းအလဲတွေကပဲ မက်ဆီကို လာမယ့်ရာသီမှာ အများကြီး ပိုကောင်းလာစေနိုင်ပါတယ်”

“မက်ဆီက လာမယ့်ရာသီသစ်ကို ကောင်းကောင်းစတင်နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူက ပြီးခဲ့တဲ့ရာသီပြီးခါနီးမှာ ဂိုးသွင်းလိုက်၊ ဂိုးဖန်တီးလိုက်နဲ့ သက်သောင့်သက်သာ ရာသီသိမ်းနိုင်ခဲ့လို့ပါ။ နောက်ပြီး အသင်းနဲ့လည်း ပိုမိုအသားကျလာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က