သွင်းဂိုး ၇ ဂိုးသာရထားပေမယ့် ဖန်တီးမှုကတော့ ၁၀ ကြိမ်အထိ ရှိသွားခဲ့ပါပြီ။

စိန့်အက်တီယန်နဲ့ပွဲမှာ ဘတ်ပီအတွက် သွင်းဂိုးတဂိုးဖန်တီးပေးခဲ့ပြီးနောက် မက်ဆီရဲ့ ပီအက်စ်ဂျီကစားသမားဘ၀ ဖန်တီးပေးမှုဟာ စုစုပေါင်း ၁၀ ကြိမ်အထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဂိုးဖန်တီးမှုအားလုံးကို လီဂူးပွဲစဉ်တွေမှာပဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးက ၂ ဂိုးသာရှိနေပေမယ့် ဖန်တီးပေးမှုစွမ်းရည်က သိသိသာသာမြင့်မားနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့ရာမှာ ဂိုးသွင်းအားကျဆင်းမှုကြောင့် မက်ဆီက ဝေဖန်ခံနေရပေမယ့် တဖက်မှာတော့ သူ့ရဲ့ဖန်တီးပေးမှုက မြင့်တက်နေခဲ့ပါတယ်။ လီဂူးပွဲ ၁၅ ပွဲမှာ ၉ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်လို့ အာဂျင်တီးနားသားရဲ့ ဖန်တီးပေးနိုင်မှုစွမ်းရည်က ချီးကျူးချင်စရာကောင်းမွန်နေခဲ့ပြီး ပဲရစ်မှာ သူ့ရဲ့အဓိကတာဝန်က သွင်းဂိုးတွေဖန်တီးပေးနေရတာလားလို့ ထင်စရာဖြစ်လာခဲ့ပါတယ်။်

ဘာစီလိုနာမှာ တရာသီကို အနည်းဆုံး ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီမှာတော့ ပြိုင်ပွဲစုံ ၂၂ ပွဲကစားပေးထားပြီး ၇ ဂိုးသာရရှိထားခဲ့ပါတယ်။ ၅ ဂိုးက ချန်ပီယံလိဂ်သွင်းဂိုးဖြစ်ပြိး လိဂ်ဂိုးရရှိမှုကတော့ သူ့ရဲ့ ဘာစီလိုနာကစားသမားဘ၀ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ရင် မယုံကြည်နိုင်စရာကောင်းလောက်အောင် နည်းပါးနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကစားသမားဘ၀မှာလည်း မက်ဆီက ဖန်တီးမှုစွမ်းရည်ကောင်းမွန်ခဲ့သူဖြစ်လို့ ပီအက်စ်ဂျီမှာ သူ လုပ်ပြနေတဲ့ ဖန်တီးပေးမှုတွေက အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သွင်းဂိုးထက် ဖန်တီးမှုတွေက ပိုမိုများပြားနေတာကြောင့် ကွင်းလယ်ဖန်တီးရှင်တဦးရဲ့ ပုံစံမျိုးဖြစ်နေပြီး အသင်းဖော်တွေအတွက် အထောက်အကူပေးနေရတာကို မက်ဆီက ပိုမွေ့လျော်နေသလားလို့ တွေးစရာတွေဖြစ်လာခဲ့ပါတယ်။ 


Share

Loading Next Article...
က္က