ပရိသတ်တွေအတွက်တော့ နည်းနည်းထူးဆန်းခဲ့ပါတယ်။

အခုတပတ်ကစားမယ့် ပွဲစဉ်မှာ ရာမို့စ်ပါဝင်ကစားပေးနိုင်တယ်လို့သိရပေမယ့် ကြံ့ခိုင်မှုအနေအထားအရတော့ လွဲချော်ဖွယ်ရှိနေကာ နောက်တပတ်မှသာ ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။


ပီအက်စ်ဂျီအသင်းကို​ ရောက်ရှိပြီးကတည်းက အသင်းအတွက် လုံး၀ကစားပေနိုင်ခြင်းမရှိသေးတဲ့ နောက်ခံလူဆာဂျီယိုရာမို့စ်ဟာ အသင်းဖော်တွေနဲ့အတူ စတင်လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ အခုတပတ်ကစားမယ့် ပွဲစဉ်မှာ ရာမို့စ်ပါဝင်ကစားပေးနိုင်တယ်လို့သိရပေမယ့် ကြံ့ခိုင်မှုအနေအထားအရတော့ လွဲချော်ဖွယ်ရှိနေကာ နောက်တပတ်မှသာ ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။



စပိန်နောက်ခံလူဟာ ရီးရဲလ်ကနေ အလွတ်ပြောင်းရွှေ့လာခဲ့ပြီးနောက် ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပါတယ်။ အခုအခါမှာ ဒဏ်ရာပြသနာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့လို့ ကစားပေးနိုင်ဖို့ နီးစပ်လာခဲ့သလို အသင်းဖော်သစ်မက်ဆီနဲ့လည်း ပထမဆုံးအကြိမ်ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရှိခဲ့ရပြီဖြစ်ပါတယ်။ 

ဒါဟာ ကာလရှည်ကြာ ပြိုင်ဘက်ကစားသမားတွေအဖြစ် ပရိသတ်တွေမြင်တွေ့ခဲ့ရတဲ့ ကစားသမားနှစ်ဦးကို အတူတကွလေ့ကျင့်နေတာကို ပထမဆုံးမြင်လိုက်ရတာလည်းဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံက လူမှုကွန်ရက်တွေပေါ်မှာ ရေပန်းစားသွားခဲ့ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်ကစားသမားဘ၀တွေမှာ သူတို့နှစ်ဦးကြား အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့မှုတွေကို ပြန်လည်ဖော်ပြကာ နှိုင်းယှဉ်မှုတွေ ရှိခဲ့ကြပါတယ်။ 

ရာမို့စ်နဲ့ မက်ဆီဟာ ကျောင်းတော်ကရန်စကြောင့် ပြင်သစ်မှာ အဆင်မပြေမှုတွေရှိနေတယ်လို့ ယူဆခံနေရပေမယ့် သူတို့နှစ်ဦးကတော့ ကွင်းအတွင်းမှာ ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်နေခဲ့ကြတာဖြစ်ပါတယ်။ ရာမို့စ်က ဒဏ်ရာပြသနာ၊ မက်ဆီက လီဂူးမှာ ဂိုးပေါက်ပျောက်နေတဲ့ ပြသနာတွေကို ကိုယ်စီရင်ဆိုင်နေရတာဖြစ်ပြီး အခုအခါမှာတော့ အကောင်းဆုံးပုံစံရအောင် အပြင်းအထန်ကြိုးစားနေကြပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က