မက်ဆီနဲ့ပတ်သက်လို့ ဒီမာရီယာက ကာကွယ်ပေးခဲ့တာပါ။

ပီအက်စ်ဂျီ အသင်းဖော် ဒီမာရီယာက မက်ဆီအနေနဲ့ သူ့အပေါ် ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို အာရုံစိုက်နေမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ မက်ဆီနဲ့ပတ်သက်လို့ ပီအက်စ်ဂျီ ပရိသတ်တွေက အများကြီး မျှော်လင့်ထားတာပါ။



ဒီရာသီမှာ မက်ဆီအနေနဲ့ အသင်းနဲ့အတူ ပြင်သစ်လီဂူး ချန်ပီယံဖြစ်ထားပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကနေ စောစောစီးစီးထွက်ခဲ့ရတာ၊ အချက်အလက်ကိန်းဂဏန်းတွေအရ ပြည်တွင်းလိဂ်မှာတော့ အားရစရာ အနေအထားမရှိတာကြောင့် မက်ဆီအပေါ် ပီအက်စ်ဂျီ ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပြင်သစ်လီဂူးသွင်းဂိုး (၄) ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့နောက် မက်ဆီအပြင် နေမာကိုလည်း ပီအက်စ်ဂျီပရိသတ်တွေက ပြန်လည်လှောင်ပြောင်မှုတွေရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဆီနဲ့အတူ နိုင်ငံအသင်းမှာရော၊ ကလပ်မှာပါ အသင်းဖော်ဖြစ်တဲ့ ဒီမာရီယာက အခုလိုပဲ ပြောကြားလာပါတယ်။

ဒီမာရီယာက “ကမ္ဘာ့အကောင်းဆုံး ကစားသမားက လှောင်ပြောင်ခံရတယ်ဆိုတာက ယုံကြည်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအသင်းမှာရှိတဲ့ အမာခံပရိသတ်တွေ၊ လူပုဂ္ဂိုလ်တွေက တောင်းဆိုမှု မြင့်မားပါတယ်။ သူတို့က အရမ်းကို နိုင်လိုစိတ်ပြင်းထန်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို မြင်ချင်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့က ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ကနေ ထွက်လိုက်ရပါတယ်”

“ဒီတော့ သူတို့တွေ စိတ်ပျက်တာ ပုံမှန်ပါပဲ။ ဒါမျိုးက ဘယ်နေရာမှာမဆို ဖြစ်တတ်ပါတယ်။ အခု ဒီအသင်းမှာဆိုလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ပတ်သက်လို့ ဖြစ်နေကြတာပဲ။ ဒါပေမယ့် မက်ဆီကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ ဒါ ဘောလုံးလောကပါ။ ဘောလုံးလောကဆိုတာ ဒီလိုပါပဲ”

“ကျနော်တို့ သန်သန်မာမာနဲ့ ရင်ဆိုင်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီမာရီယာဟာ ပီအက်စ်ဂျီနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာသေးတဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။  

Share

Loading Next Article...
က္က