ရီးရဲယ်နဲ့ပွဲမတိုင်ခင်မှာ ပိုချက်တီနိုက ပြောကြားခဲ့တာပါ။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ဒီကနေ့ည ရီးရဲယ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့မှာ ပြိုင်ဘက်ကို တိုက်စစ်ဆင်ကစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပထမအကျော့ ပီအက်စ်ဂျီအိမ်ကွင်းမှာ ပီအက်စ်ဂျီတို့ ပွဲစပွဲဆုံး ဖိကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် နောက်ဆုံးမိနစ်မှသာ အမ်ဘာပေရဲ့ တလုံးတည်းသော အနိုင်ဂိုးကိုရရှိခဲ့တာဖြစ်ပါတယ်။



ဆက်လက်ပြီးတော့လည်း ပိုချက်တီနိုက “ပီအက်စ်ဂျီလို အသင်းမျိုးအတွက် အကောင်းဆုံးခံစစ်ဆိုတာက တိုက်စစ်ဆင်ဖို့၊ ပွဲကိုလွှမ်းမိုးဖို့ဆိုတာပဲဖြစ်ပါတယ်။ ကျနော်တို့အိမ်ကွင်းမှာ ဒါမျိုးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်ကွင်းမှာတော့ အခြေအနေတွေက ပိုရှုပ်ထွေးနိုင်ပါတယ်။ ဒါက ဒဏ်ရာပြဿနာတွေကြောင့်ပဲ မဟုတ်ပါဘူး။ ဘောလုံးမှာ အနိုင်အရှုံးဆိုတာရှိပါတယ်။ ကျနော်တို့က ယှဥ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတသင်းပါ”

“ကျနော်တို့ ရှုံးဖို့ဆိုတာကို စဥ်းစားလို့တောင် မရပါဘူး။ ကျနော်တို့က အပေါင်းလက္ခဏာဆောင်တဲ့ဘက်ကပဲ စဥ်းစားပါတယ်။ ဒါက အဆုံးအဖြတ်ပွဲ ဗိုလ်လုပွဲတပွဲလိုဖြစ်လာဖို့ရှိပြီး အရာရာတိုင်းက တောင်းဆိုမှုများပြားနေပါလိမ့်မယ်”

“ကျနော်တို့အနေနဲ့ ဒုတိယအကျော့ပွဲကိုလည်း ပထမအကျော့ကလိုပဲ သေချာပေါက် ချဥ်းကပ်သွားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ပထမအကျော့က အနေအထားအရ ပီအက်စ်ဂျီတို့ ရီးရဲယ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်သွားမယ်လို့ ယူဆနေကြပါတယ်။

ဒါပေမယ့် ပိုချက်တီနိုကတော့ “မက်ဒရစ်မြို့မှာရှိတဲ့ မီဒီယာတွေက ကွာတားဖိုင်နယ်အကြောင်း ပြောနေကြပါတယ်။ ဒါပေမယ့် ကျနော်တို့ ပထမအကျော့နိုင်ခဲ့ပြီး ဒုတိယအကျော့မှာလည်း တိုက်စစ်ဆက်ကစားရဦးမှာပါ။ ရီးရဲယ်မက်ဒရစ် နဲ့ ကစားသမားတွေကို လေးစားပါတယ်။ ချန်ပီယံလိဂ်ဖလား (၁၃) ကြိမ်ရထားတယ်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး”

“ဒါပေမယ့် ကျနော်တို့ ရီးရဲယ်မက်ဒရစ်ကို မကြောက်ပါဘူး။ ကျနော်တို့ အကောင်းဆုံးခြေစွမ်းကို သေချာပေါက် ပြသရမယ်ဆိုတာကို သိထားပါတယ်။ ဘယ်ကစားသမားမဆို၊ အသင်းအဖွဲ့အဝင်မဆို၊ ဘယ်အသင်းမဆို ချန်ပီယံလိဂ်မှာ နိုင်ချင်ပါတယ်။ ကျနော်တို့ ကွာတားရောက်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က