၂၀၁၉-၂၀၂၀ ရာသီမှာ အောင်မြင်မှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးနေမာက ၎င်းနဲ့ ၎င်းရ့အသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိဖို့အတွက် အရာအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ ဥရောပ အောင်မြင်မှုမျိုး မရရှိခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာ အောင်မြင်မှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နေမာက မကြာသေးမီက ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာ မရရှိမီ ပြောဆိုခဲ့ရာမှာ ဥရောပရဲ့ အကြီးမားဆုံးဆုဖလားကို အနိုင်ရရှိဖို့က ပြိုင်ဘက်တွေရဲ့အရည်အသွေးကြောင့် အရမ်းခက်ခဲတယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးက ၎င်းရဲ့ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရဖို့ ရှိသမျှအရာအားလုံးကို ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့အားလုံး အနိုင်ရရှိချင်တယ်။ အဲဒါကြောင့်ပဲ ရရှိနိုင်တယ်ဆိုတဲ့စကားလုံးကို မသုံးခဲ့တာပဲ။ ဘာလို့လဲဆိုတာ့ အဲဒါက လွယ်ကူတဲ့ပုံစံပေါက်နေလို့ဖြစ်ပြီး အဲဒါက မလွယ်ပါဘူး။ ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းတွေနဲ့ အကြီးမားဆုံးအားကစားသမားတွေက ချန်ပီယံလိဂ်မှာ ကစားနေတာပါ။ ကျွန်တော် အာမခံနိုင်တာ ကျွန်တော်တို့ ကစားနေတဲ့ ပြိုင်ပွဲအားလုံးမှာ ရှိသမျှအားလုံးပေးသွားမယ်ဆိုတာပါ"

"ကျွန်တော်တို့ အဲဒီပြိုင်ပွဲအားလုံးမှာ အနိုင်ရရှိမယ်လို့ မျှော်လင့်မိပြီး ဒီဖလားကို အနိုင်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော် ပြောနိုင်တာက ဘယ်တော့မှ စိတ်နှစ်မြှုပ်ပေးဆပ်မှုက ကင်းမဲ့နေမှာမဟုတ်ဘူးဆိုတာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က