နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲရှိတယ်လို့ တင်စားနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူကာမိုဒရစ်က ဘာကာလူငယ်ကြယ်ပွင့်ပီဒရီကို ကွင်းလယ်မှာ ကျော်ဖြတ်လိမ်ခေါက်နေတဲ့ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အသက် ၃၆ နှစ်အရွယ် မိုဒရစ်က ပီဒရီကို မြက်ခင်းပေါ် လဲကျသွားအောင်ကို လုပ်ပြခဲ့တာဖြစ်ပြီး ဘောလုံးဘယ်လိုကန်ရလဲဆိုတာကို လက်တွေ့ပြသခဲ့တာလို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ဘာစီလိုနာရဲ့ နာမည်ကျော်လူငယ်ကစားသမားတွေဖြစ်တဲ့ ပီဒရီနဲ့ ဂါဗီတို့ဟာ တိုနီခရူးစ်နဲ့ မိုဒရစ်တို့ပါဝင်လာတဲ့ ရီးရဲလ်ကွင်းလယ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကွင်းလယ်ပိုင်းမှာ ရီးရဲလ်က ကလေးတွေကို ရင်ဆိုင်ခဲ့ရသလိုဖြစ်နေပြီး လွယ်လွယ်ကူကူပဲ ထိန်းချုပ်နိုင်ခဲ့ကာ အသင်းအနိုင်ရဖို့အတွက် ကောင်းကောင်းကစားပြနိုင်ခဲ့ပါတယ်။ 

ပီဒရီက မိုဒရစ်ဆီက ဘောလုံးရဖို့အတွက် ကြိုးစားခဲ့ရာမှာ ပစ်လဲကျတဲ့အထိဖြစ်ခဲ့ရပြီး ခရိုအေးရှားသားက လွယ်လွယ်ကူကူပဲ ဘောလုံးကိုရယူကျော်ဖြတ်ပြခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကို ပရိသတ်တွေက ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ချီးကျူးခဲ့ကြပြီး မိုဒရစ်က ကလေးကို က​ောင်းကောင်းပညာပေးခဲ့တယ်လို့တောင်မှ တင်စားခဲ့ကြပါတယ်။ 

ပွဲအပြီးမှာ မိုဒရစ်က "ဟယ်လို၊ မက်ဒရစ်သားတို့၊ အယ်လ်ကလက်စီကိုမှာ ကျနော်တို့ နိုင်ပွဲရခဲ့ပါပြီ၊ အရမ်းပျော်ရွှင်ရပါတယ်၊ ခင်ဗျားတို့ရဲ့ အားပေးမှုအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ အားပေးပုံက တကယ်ကို အံ့အားသင့်စရာပါ၊ ကျနော်တို့ ဒီအတိုင်းဆက်သွားကြရအောင်" လို့ ဗီဒီယိုနဲ့တဆင့် မက်ဆေ့ချ်ပို့ပြောဆိုသွားခဲ့ပါတယ်။ 


Share

Loading Next Article...
က္က