အားလုံးကို ဥပဒေအညီလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နာယက ဦးဌေးဦးနေအိမ်ကို ကုန်းသီးနဲ့ အပစ်ခံခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့အပြင် တချို့နယ်တွေမှာ ပါတီရဲ့ ဆိုင်းဘုတ်အလံတွေ ဖြုတ်ခံရတာနဲ့ ကိုယ့်ဆိုင်းဘုတ်ကိုယ်ဖြဲပြီး ပြည်ခိုင်ဖြိုးက လုပ်တယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။

 ဦးဌေးဦးရဲ့နေအိမ် ကုန်းသီးနဲ့ အပစ်ခံရတဲ့ ဖြစ်ရပ်မှာ နေအိမ် မှန်တချို့ကွဲသွားခဲ့ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီ၏ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးညွှန့်လှိုင်ဆီက သိရပါတယ်။ 



ဒါကြောင့် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟင်္သတမြို့နယ်မရဲစခန်းမှာ  (ပ)၅၄၆/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/ ၄၂၇ နဲ့ မှုဖွင့်ထားတယ်လို့သိရပါတယ်။

''အိမ်မှာက အဘ( ဦးဌေးဦး)လည်းမရှိဘူး ၊ နောက်နေ့မနက်ကျမှ အပစ်ခံထားရတယ်ဆိုတာ မှန်တွေကွဲနေလို့ သိတာ ၊ ညပိုင်း ၁၁ လောက် မှာ အသံကြားတယ် ၊ ဒါပေမဲ့ ဘေးအိမ်က စက်ဘီးလဲတယ်ပဲ မှတ်တော့ ထွက်မကြည့်မိကြဘူး၊ မနက်မှ သိရတာ။ အခုတော့ အမှတ် (၂) ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်''လို့ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးညွှန့်လှိုင်က ပြောပါတယ်။  ရွေးကောက်ပွဲကျင်းပမယ့် ကာလနီးကပ်လာတဲ့အတွက်  မဲဆွယ်စည်းရုံး‌ရေးကာလအတွင်းမှာ ဦးဌေးဦးရဲ့ နေအိမ်ကို ကုန်းသီးနှင့် အပစ်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။လက်ရှိမှာတော့ တရားခံကို ဖမ်းဆီရမိခြင်းမရှိသေး ဘူးလို့သိရပါတယ်။

 ယင်းဖြစ်ရပ်အပြင် အခြားစွပ်စွဲတိုက်ခိုက်ခံရမှုတွေလည်း ရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"အဲဒီကိစ္စလည်းရှိတယ်။ အခုနောက်တစ်ခါ တချို့နယ်တွေမှာ ဗီနိုင်းတွေကို ဖြဲသွားတာ၊ အလံတွေကို ဖြုတ်သွားတာ၊ ဆိုင်းဘုတ်တွေကို ဖြုတ်သွားတာ ရှိတယ်။ အခုလုပ်နေတာတွေပေါ့။ ပြည်ခိုင်ဖြိုးပါတီကို လုပ်နေတာတွေ တွေ့ရတယ်၊ နောက်တစ်ခုက ကိုယ့်ဆိုင်းဘုတ်ကိုကိုယ် ဖြဲပီးတော့ ပြည်ခိုင်ဖြိုးကလုပ်သွားပါတယ်ဆိုပြီးတော့ စွပ်စွဲတာတွေလည်းရှိတယ်။ အဲဒီလိုမျိုးမဟုတ်ကဟုတ်က လုပ်နေတာတွေကို တောက်လျှောက်တွေ့နေရပါတယ်။ ဒါကတော့ သူတိို့ရဲ့လုပ်ရပ် သူတို့ရဲ့ ဆောင်ရွက်ချက် သူတို့ဟာသူတို့ ဆုံးဖြတ်ပေးသွားလိမ့်မယ်။ ကျွန်တော််တို့က ဥပဒေနဲ့အညီပဲ လိုအပ်တာဆောင်ရွက်သွားမှာပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုအကြောင်းကြားပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်" လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က