၉ ကြိမ်နဲ့ အသင်းရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားပါ။

ကမ္ဘာ့အဆင့် ရှိတယ်လို့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း ဗန်ပါစီက ဆာကာကို ချီးကျူးသွားခဲ့တာပါ။

Image result for saka and van persi



အေသင်မှာ ပြခဲ့တဲ့ ခြေစွမ်းကြောင့် အာဆင်နယ်အသင်းရဲ့ ၁၈နှစ်အရွယ်ကစားသမားလေး ဆာကာကတော့ ပရီးမီးယားလိဂ် ဂန္တဝင်နဲ့ အနှိုင်းခံနေရပြီလို့ Goal.comက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းက အိုလံပီယာကော့စ်နဲ့ အဝေးကွင်းပွဲမှာ ဆာကာရဲ့ လှပသေသပ်တဲ့ ဖြတ်တင်ပေးပို့မှုကတ ဆင့် လာကာဇက်ရဲ့ ပိတ်သွင်းမှုနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ ကစားသမာားဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ပါစီကတော့ ကမ္ဘာ့အဆင့်ရှိတယ်လို့ ချီးကျူးသွား ခဲ့ပါတယ်။

Image result for saka

 “ သူ့ရဲ့ ပေးပို့မှုက ရွိုင်ယန်ဂစ်၊ဒင်းနစ်ဘားကမ့်၊ပေါလ်စခိုးလ်စတဲ့ ဂန္တဝင်ကစားသမားတွေရဲ့ လှုပ်ရှားဟန်နဲ့ ဆင် တူနေပါတယ်။ကမ္ဘာ့အဆင့် ရှိပါတယ်။”လို့ ဗန်ပါစီက BT SPORTနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

လက်ရှိမှာလည်း ဆာကာက အာဆင်နယ်အသင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစးသမားဖြစ်ပြီး ၉ ကြိမ်ထိ ဖန်တီးပေးထားကာ ၃ ဂိုးသွင်းထားပါတယ်။

ဆာကာကတော့ ရာသီအစမှာ တတိယမြောက် ကစားသမားနေရာမှာ ရှိနေခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အသင်းရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်နေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

က္က