၂၀၁၉-၂၀ ပရီးမီးယားလိဂ်ကို သြဂုတ်လ ၉ ရက်နေ့ စတင်ပါမယ်။

အခြားလိဂ်များက ဆောင်းရာသီ အားလပ်ရက် ပေးချိန်မှာ ပရီးမီးယားလိဂ်မှာတော့ နားရက်မရှိခဲ့ပဲ ခရစ္စမတ်ကာလ အခြားလိဂ်တွေ နားချိန်မှာလည်း ပရီးမီးယားလိဂ်က အမြဲတမ်း ပြိုင်ပွဲ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉-၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီကို လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပြီး ပွဲစဉ်ဇယားတွေလည်း ထွက်ပေါ်လာပြီ ဖြစ်တဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာ ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ အဖွင့်ပွဲမှာ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံနေပြီး ဥရောပ ချန်ပီယံ လီဗာပူးအသင်းက တန်းတက် နောဝှစ်အသင်းနဲ့ အဖွင့်ပွဲမှာ တွေ့ဆုံနေပါတယ်။

အခြားသော တန်းတက်အသင်းတွေဖြစ်တဲ့ အက်စ်တန်ဗီလာနဲ့ရှက်ဖီးယူနိုက်တက်အသင်းတွေကတော့ စပါး၊ဘုန်းမောက်အသင်းတွေနဲ့ အသီးသီး တွေ့ဆုံနေပါတယ်။

လာမယ့် ၂၀၁၉-၂၀ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ ပြိင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖေဖော်ဝါရီလအတွင်းကို နားရက်အတိုလေး သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။

နှစ်ပတ်အနားပေးသွားမယ်လို့သိရပြီး တစ်ပတ်ကို ၅ ပွဲကို သာကစားသွားမှာလည်း ဖြစ်ပါတယ်။ဒါကြောင့် တစ်ပတ်ကို ၁၀ သင်းအနားရစေမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ၅ ပွဲကစားချိန် ကျန် ၁၀ သင်းအနားရမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ မှာ နောက်ထပ် ၁၀သင်းက ပြန်ကစားမှာဖြစ်ပါတယ်။

ဒီနားရက်တွေက လက်ရှိမှာ အတည်ပြုထားပေမယ့် ပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ရထားတဲ့ ကုမ္ပဏီရဲ့ အခြေအနေပေါ်မူတည်ပြီး နားရက်နဲ့ ကစားရက်ကို အပြောင်းအလဲ ဖြစ်ပေါ်ဖို့ ရှိတယ်လို့လည်း သိရပါ တယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲအနေနဲ့ အရင်က ဆောင်းရာသီအတွင်း ပွဲရပ်နားခြင်း လုံးဝမရှိပဲ Boxing Day ပွဲစဉ်များ အဖြစ် ကစားသလို ခရစ္စမတ်ကာမှာတောင် အနားပေးခြင်း လုံးဝမရှိတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က