ဗြိတိန်မှာ ကူးစက်ခံရသူ ၃၃၇၁၈ဦးမှာ သေဆုံးသူ ၂၉၂၁ဦးရှိသွားပြီ ဖြစ်ပြီး ပြန်လည်ကျန်းမာလာသူကတော့ ၁၉၁ ဦးရှိတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ဧပြီလ ၃၀ ရက်နေ့ထိ ရပ်နားထားပေမယ့် လက်ရှိ အခြေအနေအရ ထပ်မံ နောက်ဆုတ်ရဖို့ ရှိနေ တယ်လို့သိရပါတယ်။
BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀နဲ့ ဗီဒီယိုအစည်းအဝေးအပြီးမှာ ကလပ်အသင်းအားလုံးက ပြိုင်ပွဲကို သတ်မှတ်ထားတဲ့ ဧပြီ ၃၀ပြီးပြီးချင်း စတင်နိုင်မယ်မထင်ဘူးလို့ ပြောခဲ့တာပါ။
ဒါကြောင့် လက်ရှိမှာ လိဂ်ကိုမေလ(သို့)စပိန်နဲ့ပြင်သစ်တို့ရဲ့လိဂ်အခြေအနေအတိုင်းကျင်းပဖို့ စီစဥ်ဖို့ရှိနေတယ်လို့ လည်းသိရပါတယ်။
အီတလီမှာဆိုရင်လည်း မေလကုန်ပိုင်းလောက်မှသာ ပြန်လည်ကျင်းပနိုင်ဖို့ရှိတယ်လို့သိရထားရပေမယ့် မသေချာ သေးပါဘူး။
လက်ရှိ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က သူတို့ရဲ့ အိမ်ကွင်းနဲ့ ဆေးဝန်ထမ်းတွေကို အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုဌာနအတွက် ကာလတို ပေးထားတာတွေရှိလို့ မလိုအပ်တော့တဲ့ အခြေအနေတစ်ခုလည်း လိုအပ်နေ ပါသေးတယ်။
ပရီးမီးယားလိဂ်၊ပရော်ဖက်ရှင်နယ် ကစားသမားများအဖွဲ့အစည်းနဲ့မန်နေဂျာများ အဖွဲ့အစည်းတွေက သောကြာနေ့မှာ နောက်ဆုံးအခြေအနေကို အတည်ပြု ထုတ်ပြန်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။