ဗီဒီယိုစောင့်ကြည့်စနစ်ကို ပရီးမီးယားလိဂ်မှာ ဒီနှစ်ကစတင်ပြီး အသုံးပြုခဲ့တာပါ။

VAR စနစ်ကြောင့် ပင်နယ်တီပေးလိုက်ရပေမယ့်လည်း ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရခဲ့လို့ အဆင့် ၃ မှာ လက်စတာထက် တစ်ပွဲပိုကစားပြီး ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်မှာ လက်ရှိအသုံးပြုနေတဲ့ ဗီဒီယိုစောင့်ကြည့်စနစ်က အားလုံးအတွက် အန္တရာယ်ရှိနေပြီလို့ချဲလ် ဆီး နည်းပြလမ်းပတ်က သတိပေးစကား ဆိုလိုက်တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



မူလက အခုစနစ်ကို သိသာရှင်းလင်းစေဖို့ရည်ရွယ်ပြီး အသုံပြုခဲ့တာ ဖြစ်ပေမယ့် ကွင်းအတွင်း ဆုံးဖြတ်ချက်တွေ မှာတော့ ပြဿနာတွေ ရှိနေပါတယ်။

ဒါပေမယ့် မိနစ် ၈၀ မှာ ၀က်ဖို့ဒ်အသင်း VAR စနစ်ကြောင့် ပင်နယ်တီရခဲ့ချိန်မှာတော့ အင်မတန် အံ့အားသင့်ဖို့ကောင်းသွားပြီလို့ လမ်းပတ်က ဆိုလိုက်တာပါ။

“ ဒီစနစ်က ကျွန်တော်တို့ကို အခြေအနေကောင်းတစ်ခု ဖြစ်မနေစေပါဘူး။ဘယ်ဆုံးဖြတ်ချက်မဆို မရှင်းလင်းပါဘူး။ကျွန်တော်မေးချင်တာက ဘာလို့ကွင်းထဲမှာ ကွင်းလယ်ဒိုင်လူကြီး ကြည့်လို့ရမယ့် ဖန်သားပြင် ထားမပေးထားတာလဲ။ကျွန်တော်သိပါတယ်။ကွင်းထဲမှာထားလိုက်ရင် အငြင်းပွားဖွယ်ရာတွေ ဖြစ်လာနိုင်တယ်။” လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

ဗီဒီယိုစောင့်ကြည့်စနစ်ကို ပရီးမီးယားလိဂ်မှာ ဒီနှစ်မှစတင်အသုံးပြုနေတာဖြစ်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ချိန် တိုင်း အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်နေခဲ့တာပါ။

ချဲလ်ဆီးကတော့ ပင်နယ်တီပေးခဲ့ရပေမယ့်လည်း ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၃မှာ လက်စတာထက် တစ်ပွဲပိုကစားပြီး ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က