ရာသီကြိုခြေစမ်းပွဲစဉ်အားလုံးကို ပြောင်းရွှေ့ရဖို့ရှိနေခဲ့တာပါ။

အာရှနိုင်ငံအများစုကို ရာသီကြိုခြေစမ်းပွဲလာကစားဖို့ ပရီးမီးယားလိဂ်အသင်းအများစုက စီစဉ်ထား တာ ပါ။

တရုတ်နိုင်ငံမှာ ဖြစ်ပွားပြီး အာရှတိုက်နိုင်ငံအများစုတွင် ပျံ့နှံကူးစက်မှုများရှိနေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ေ ရာဂါကြောင့် ကျန်းမာရေးအခြေအနေအရ စိန်ခေါ်မှုများရှိလာနိုင်တဲ့အတွက် ပရီးမီးယားလိဂ်အသင်းအ များစုရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်များ ထိခိုက်လာနိုင်ဖွယ်ရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရသိရပါ တယ်။

ပရီးမီးယားလိဂ်အသင်းအများစုအနေနဲ့ တရုတ်နိုင်ငံသို့ ရာသီကြိုခြေစမ်းပွဲစဉ်များ ကစားဖို့ ကြိုတင်စီစ ဉ်မှုတွေရှိထားတာဖြစ်ပြီး လက်ရှိကြုံတွေနေရတဲ့ အာရှနိုင်ငံတွေရဲ့ အခြေအနေကြောင့် အသင်းအများ စုက ရာသီကြိုခြေစမ်းခရီးစဉ်ကို ပယ်ဖျက်ဖို့ ဆန္ဒရှိနေကြတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။



ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့အာရှနိုင်ငံအ များစုအပါအဝင် နိုင်ငံ ၂၅နိုင်ငံတွင် ကူးစက်ခံရသူအရေအတွက် ၂၄၅၀၀ အထိရှိနေခဲ့ပြီး တရုတ်နိုင်ငံ ပြင်ပဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာသေဆုံးခဲ့သူအပါအဝင် သေဆုံးသူဦးရေ ၅ဝဝကျော်ခဲ့ပြီဖြစ်တယ်လို့သိရ ပါတယ်။

 Dailymail ရဲ့ဖော်ပြချက်မှာတော့ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းအနေနဲ့ တရု တ်နိုင်ငံနဲ့အကြား ဆက်ဆံရေးအကောင်းဆုံးရှိနေပေမယ့် လက်ရှိကျန်းမာရေးအခြေအနေကြောင့် ရာ သီကြိုခြေစမ်းပွဲစဉ်ကို ဖျက်သိမ်းခဲ့ပြီဖြစ်တယ်လို့လည်း အရိပ်အမြွတ်ဖော်ပြမှုတွေရှိလာခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ International Champions Cup (ICC) ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်း ပနေတဲ့နိုင်ငံဖြစ်သလို ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေကို လက်ခံကျင်းပေးခဲ့တာလ ည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က