အခါးသီးဆုံးပြိုင်ဘက်တိုက်စစ်မှူးကို သတ်မှတ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာစီးတီးအသင်းမှ ဆာဂျီယိုအဂူရိုဟာ ပရီးမီးယားလိဂ်ရဲ့အပြည့်စုံဆုံး တိုက်စစ်မှူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ရဲ့ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲတစ်ဦး ဖြစ်လာသူပါ။ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ ပွဲ ၂၀ ကစားထားပြီး သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနေသူဖြစ်ပေမယ့် အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ ၎င်းကိုယ်၎င်း ထည့်သွင်းမဖော်ပြခဲ့ဘဲ ခါးသီးတဲ့မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး အဂူရိုကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့ကလည်း အတုယူရဆုံး ကစားသမားတွေဖြစ်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ၎င်းအတွက် အဲဒီကစားသမား ၃ ဦးထဲမှာ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုဟာ ပြီးပြည့်စုံဆုံး ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အထင် ပြီးပြည့်စုံဆုံး အထောင်တိုက်စစ်မှူးက ဆာဂျီယိုအဂူရိုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆိုးရွားတဲ့နေ့မှာတောင် သူက ခင်ဗျားကို ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုး သွင်းယူနိုင်ပါတယ်။ အဲဒါက အထောင်တိုက်စစ်မှူးရဲ့အရည်အသွေးဖြစ်ပြီး ကျွန်တော့်အတွက် အဲဒါကို ကာလရှည် ပြုလုပ်ချင်နေတဲ့အရာပါ။ ခင်ဗျား ကောင်းမွန်တဲ့ပွဲစဉ်တစ်ခု မရတဲ့အခါမှာဆိုပေမယ့် ခင်ဗျား ဂိုးတော့ သွင်းယူနိုင်ပါသေးတယ်။ အဲဒါက အထောင်တိုက်စစ်မှူးရဲ့ ကိုယ်ပိုင် စွမ်းရည်ပါပဲ။ ဟယ်ရီကိန်းလည်းပဲ သူ့ရဲ့ရွေ့လျားမှု၊ နေရာယူတတ်မှုကြောင့် အရမ်းတော်တဲ့ကစားသမားပါ။ အူဘာမီယန်းကိုလည်း ကျွန်တော် နှစ်သက်ပါတယ်”လို့ GQ ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က