တော်မီနေးလ်အနေနဲ့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂ဂိုးရယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

နောဝစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ လူငယ်ကစားသမားတော်မီနေးလ်ရဲ့ သွင်းဂိုးက မှတ်တမ်းဝင်သွားခဲ့ တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောဝစ်ချ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာရရှိခဲ့တဲ့သွင်းဂိုးတွေကြော င့် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀၀ ပြည့်မြောက်တဲ့ ပထမဦးဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်တယ်လို့ Man utd.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၁၉၉၂ခုနှစ်တွင် ပရီးမီးယားလိဂ်လို့အမည်ပြောင်းလဲခဲ့ပြီးတဲ့နောက် ချန်ပီယံဆုအများဆုံးရရှိထားတဲ့ယူနိုက်တ က်အတွက် ဂိုး ၂၀၀၀မြောက်ဂိုးကို လူငယ်ကွင်းလယ်ကစားသမားတော်မီနေးလ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အ ခြားပြိုင်ဘက်အသင်းတွေထက် မြင့်တဲ့စံချိန်သစ်တစ်ခုတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ပထမဦးဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ၁၉၉၂ ခုနှစ်မှာ တိုက်စစ်မှူးမာ့ခ်ဟုချ်က သွင်းယူေ ပးခဲ့တာဖြစ်ပြီး သွင်းဂိုး ၁၀၀ပြည့်ကိုမူ ကွင်းလယ်ကစားသမားကန်ချက်စကီးကို ရယူပေးခဲ့တာဖြစ်သလို သွင်းဂိုး ၁၀၀၀ပြည့်ကိုတော့ လက်ရှိဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုက ၂၀၀၅ခုနှစ်က ရယူပေးခဲ့တာလည်းဖြစ်ပါတ ယ်။



နေုာဝစ်ချ်နဲ့ပွဲ အခုလိုအသင်း အတွက် အရေးပါတဲ့သွင်းဂိုးဖြစ်လာတဲ့ တော်မီနေးလ်ရဲ့သွင်းဂိုးက ၁၄နှစ်အတွင်း  ယူနိုက်တက်အတွက် မှတ်တမ်းဝင်စေမယ့်သွင်းဂိုးတစ်ဂိုးဖြစ်လာစေခဲ့သလို တိုက်စစ်ပြဿနာဖြစ်နေတဲ့လက်ရှိ အသင်းအခြေအနေအတွက်လည်း အကောင်းဆုံးပုံစံဖြစ်လာစေခဲ့တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာပါ။

လက်ရှိပရီးမီးယားလိဂ်ထိပ်သီးအသင်းများတွင် မန်ချက်စတာယူနိုက်တက်ပြီးနောက် အာဆင်နယ်အသင်းက ၁၈၆၀ ဂိုးနဲ့ ဒုတိယနေရာမှာရပ်တည်နေခဲ့ပြီး လီဗာပူးအသင်းက ၁၇၉၇ဂိုး၊ ချဲလ်ဆီးအသင်းက ၁၇၉၃ ဂိုးတို့နဲ့ အတူ အစဉ်လိုက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က