မော်ရင်ဟိုလက်သစ်လို့ သတ်မှတ်ခံခဲ့ရပေမယ့် ဘိုအာ့စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ထင်သလောက်အောင်မြင်မှုမရခဲ့သူလည်းဖြစ်ပါတယ်။
ပြင်သစ်ကလပ်မာဆေးလ်အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြဘိုအာ့စ်က ဥရောပအသင်းကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရဆဲဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကို ပြန်သွားဖို့အစီအစဉ်လုံးဝမရှိဘူးလို့ ထုတ်ဖော်ပြော ဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါးအသင်းတို့ကို တာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့ပေမယ့် ထင်သလောက်စွမ်းဆောင်ပြနိုင်ခြင်းမရှိခဲ့တဲ့ ဘိုအာ့စ်ဟာ ပေါ်တူဂီကလပ်ပေါ်တို ၊ရုရှားကလပ်ဇင်းနစ်အသင်းမှာသာ အောင်မြင်မှုတွေရရှိခဲ့သူပါ။
“ ပြင်သစ်လိဂ်ကလည်း ထိပ်တန်းလိဂ်တွေထဲက တစ်ခုပါ။ ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းခံရတဲ့ က စားသမားကောင်းအများစုရှိနေတဲ့အမှတ်ပေးလိဂ်လို့ပြောလို့ရပါတယ်။အထူးသဖြင့်ပရီးမီးယားလိဂ်အသင်း တွေ ဆိုရင် ပြင်သစ်လိဂ်ကစားသမားတွေကို အမြဲစောင့်ကြည့်လေ့ရှိပါတယ်။ တစ်ခုရှိတာက ပြင်သစ်လိဂ်မှာအဆင် ပြေတယ်လို့ပဲဆိုချင်ပါတယ်။ အင်္ဂလန်နဲ့ကတော့ကွာခြားချက်တွေအများကြီးပါ။ အသေချာဆုံးက နည်းပြဘဝ ဘယ်တော့မှ ပရီးမီးယားလိဂ်ကို ပြန်ပြီးခြေမချတော့ပါပဲ ” လို့ ဘိုအာ့စ်က ပေါ်တူဂီရေဒီယို တစ်ခုဖြစ်တဲ့ Radio Renascenan နဲ့အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ဘိုအာ့စ်ကိုခေါ်ယူလိုတဲ့ အသင်းအချို့ရှိနေခဲ့ပြီး အေးဂျင့်ဖြစ်သူရဲ့ အတည်ပြုချက်အရ ပရီးမီးယားလိ ဂ်အသင်းအချို့ပါဝင်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ဘိုအာ့စ်ကတော့ လက်ရှိအသင်းဖြစ်တဲ့ မာဆေးလ် အသင်းနဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားမှုအပြည့်ရှိရမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါသေးတယ်။
ဘိုအာ့စ်အနေနဲ့ ချဲလ်ဆီးအသင်းကို ပွဲပေါင်း ၄ဝသာတာဝန်ယူခွင့်ရရှိခဲ့ပြီး စပါးအသင်းကိုကိုင်တွယ်ရမှာလည်း စာချုပ်သက်တမ်းမပြည့်မီထုတ်ပယ်ခံခဲ့ရတဲ့ အခြေအနေတွေကြောင့် ကာယကံရှင်ဖြစ်သူအနေနဲ့ ပရီးမီးယားလိ ဂ်ကို ပြန်လည်ခြေချဖို့ မရှိဘူးလို့ အတိအလင်းပြောဆိုခဲ့ခြင်းဖြစ်တယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။