ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကို သြဂုတ်လအတွင်းမှာ ကစားသွားမှာကြောင့်ပါ။

ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့လို့ ဇူလိုင်လအတွင်းမှာ လိဂ်ပွဲတွေပြီးဆုံးအောင်ကစားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ လက်ရှိဘောလုံးရာသီကို ဇူလိုင်လအတွင်းမှာ ပြီးဆုံးအောင်ကစားသွားစေဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းသိရပါတယ်။ ယူအီးအက်ဖ်အေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို သြဂုတ်လအတွင်းမှာ ကျင်းပသွားဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့လို့ ဇူလိုင်လအတွင်းမှာ လိဂ်ပွဲတွေပြီးဆုံးအောင်ကစားဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ 

နောက်ထပ်ရာသီသစ်မစတင်ခင်မှာ ဥရောပရဲ့ အဆင့်မြင့်ပြိုင်ပွဲနှစ်ခုစလုံးကို ပြီးဆုံးအောင်ကစားဖို့ ယူအိးအက်ဖ်အေဥက္ကဌဆက်ဖာရင်က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေထဲက ဥရောပပြိုင်ပွဲမှာ ဆက်လက်ကစားရဦးမယ့် အသင်းတွေအဖြစ် မန်ချက်စတာယူနို်က်တက်၊ မန်စီးတီး နဲ့ ဝုလ်ဗ်တို့ ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။ 

ကလပ်အသင်းတချို့ကတော့ COVID-19 ကြောင့် သူတို့ရဲ့ကြယ်ပွင့်ကစားသမားတွေ အန္တရာယ်ရှိလာမှာကို စိုးရိမ်နေဆဲဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရောပပြိုင်ပွဲတွေကို အဆုံးသတ်ဖို့ကလည်း ရှိနေသေးတာကြောင့် ပြည်တွင်းလိဂ်ပွဲတွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပြီးစီးစေချင်တဲ့ ဆန္ဒက ဥရောပဘောလုံးအဖွဲ့ချုပ်မှာ ရှိနေခဲ့ပါတယ်။ 

"ပြည်တွင်းလိဂ်ပွဲတွေကို ဇူလိုင်လကုန်မှာ ပြီးဆုံးစေချင်တဲ့ ရည်ရွယ်ချက်ပါ၊ အဲဒီနောက်မှာ ကျွန်တော်တို့က သြဂုတ်လအတွင်း ဥရောပပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်တွေကို ပြန်လည်ကစားသွားမှာဖြစ်ပါတယ်၊ လိဂ်ပွဲတွေပြီးဆုံးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ကျွန်တော်တို့မှာ ရှိနေပါသေးတယ်၊ နိုင်ငံတော်တော်များများကလည်း ဒီလိုပဲလုပ်ချင်နေတာပါ၊ ကျွန်တော်တို့ ပရိသတ်မပါဘဲ ကစားရနိုင်ပါတယ်" လို့ ယူရိုပါလိဂ်ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ လားစ်ခရစ္စတာအော်လ်ဆင်က ပြောဆိုခဲ့ပါတယ်။ 

ဒါဟာ ကလပ်အသင်းတွေကိုတော့ ဇူလိုင်လအတွင်း ပွဲတွေအားလုံးပြီးအောင်ကစားဖို့ တွန်းအားတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကတော့ သောကြာနေ့မှာ အသင်း ၂ဝစလုံးနဲ့ အစည်းအဝေးပြုလုပ်သွားမှာဖြစ်ပြီး မေလ ၁ ရက်နေ့မှာ ရာသီပြန်စနိုင်ဖို့နဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က