မက်ဆီအတွက် ပရီးမီးယားလိဂ်က ခက်ခဲကြမ်းတမ်းမယ်လို့ ပြောခဲ့တာပါ။

မက်ဆီအနေနဲ့ နွေရာသီရောက်တိုင်းမှာ ဘာစီလိုနာကနေ အလွတ်ထွက်ခွာခွင့်ရရှိထားသူဖြစ်ပြီး သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်နေခဲ့ပါတယ်။ 


ပြင်သစ်နဲ့ အာဆင်နယ်နာမည်ကျော်ကွင်းလယ်လူဟောင်း အီမန်နူရယ်ပီတစ်က မက်ဆီအနေနဲ့ ပရီးမီးယားလိဂ်မှာ လာကစားရင် အဆင်ပြေမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပီတစ်က ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်ကာ ပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်အနေနဲ့ ပရီးမီးယားလိဂ်ကစားဟန်မှာ ဒုက္ခရောက်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၂ နှစ်အရွယ် ဘာစီလိုနာအသင်းကြယ်ပွင့်ရဲ့ အနာဂတ်က လက်ရှိမှာ လှုပ်ခတ်မှုတွေရှိနေတာဖြစ်ပြီး အသင်းအားကစားဒါရိုက်တာအဘီဒယ်နဲ့လည်း အချင်းများမှုတွေရှိနေခဲ့ပါတယ်။ မက်ဆီအနေနဲ့ နွေရာသီရောက်တိုင်းမှာ ဘာစီလိုနာကနေ အလွတ်ထွက်ခွာခွင့်ရရှိထားသူဖြစ်ပြီး သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေထဲမှာ မန်စီးတီးလည်း ပါဝင်နေခဲ့ပါတယ်။ 

"ပွင့်ပွင့်လင်းလင်းပြောရရင် သူ အင်္ဂလန်ကိုလာကစားဖို့က သင့်တော်လိမ့်မယ်လို့ ကျွန်တော်ကတော့မထင်ဘူး၊ သူက ပိတ်ဆို့ခံရတာ၊ ပြစ်ဒဏ်ကျူးလွန်ခံရတာကိုတွေကို နှစ်သက်မှာမဟုတ်ပါဘူး၊ စပိန်မှာကျတော့ သူ့ကို ကာကွယ်ပေးထားမှုတွေက ရှိနေတယ်လေ၊ အင်္ဂလန်ပရိသတ်တွေအတွက်တော့ သူကစားရတာကို မြင်တွေ့ရတာက ကောင်းမွန်ပါလိမ့်မယ်"

"ဒါပေမယ့်လည်း မန်စီးတီးလိုအသင်းကလည်း သူ့ကိုခေါ်ယူလိမ့်မယ်လို့ ကျွန်တော်ကတော့မထင်ဘူး၊ ဥပမာပြောရရင် သူ့အသက်က ၃၂ ဒါမှမဟုတ် ၃၃ လောက်ဖြစ်နေပြီလေ၊ တကယ်လို့ မန်စီးတီးက သူ့ကိုခေါ်ယူချင်နေတယ်ဆိုရင်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ကြိုးစားသင့်ပါတယ်၊ မက်ဆီက ရော်နယ်ဒိုလိုမဟုတ်ပါဘူး"

"ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်း သူက စက်တစ်ခုလိုမဟုတ်ပါဘူး၊ ရော်နယ်ဒိုကတော့ Monster တစ်ကောင်ပါပဲ။ ဒါပေမယ့် အသက် ၃၂ နှစ်ဖြစ်နေပြီဖြစ်တဲ့ မက်ဆီက အမြင့်ဆုံးအဆင့်မှာ နောက်ထပ်တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ကစားနိုင်တော့မှာပါ" လို့ ပီတစ်က Daily Mirror ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ဘာစီိလိုနာမှာပဲ ကစားနေခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က