ဘာစီလိုနာတောင်ပံကစားသမားအနေနဲ့ ရာသီကုန်မှာ အသင်းသစ်တစ်သင်းသင်းကို မဖြစ်မနေရှာဖွေရဖို့ရှိနေ ခဲ့တာလည်းဖြစ်ပါတယ်။
ဥရောပအသင်းကြီးအချို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ကော့တင်ဟိုအနေနဲ့ အနာဂတ်မျှော်လင့်ချက်အဖြစ် ပရီးမီး ယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့ အေးဂျင့်ဖြစ်သူရဲ့အတည်ပြုချက်ကို as.comရဲ့ဖော် ပြချက်အရ သိရပါတယ်။
လက်ရှိမှာ ဂျာမနီကလပ်ဘိုင်ယန်မြူးနစ်အသင်းသို့ တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ ကော့တ င်ဟိုကို မိခင်ကလပ်အသင်းဖြစ်တဲ့ဘာစီလိုနာအသင်းက ထွက်ခွာခွင့်ပြုဖို့ရှိနေတာဖြစ်ပြီး ကစားသမားဖြစ်သူအ နေနဲ့ အသင်းသစ်တစ်သင်းရှာဖွေနေရတာလည်းဖြစ်ပါတယ်။
“ ကစားသမားကတော့ ပရီးမီးယားလိဂ်ကိုပြန်သွားဖို့ဆန္ဒရှိနေပါတယ်။ အသင်းကြီးအချို့ရဲ့စိတ်ဝင်စားမှုကိုခံနေ ရတယ်ဆိုပေမယ့် အောင်မြင်မှုတွေအစပြုခဲ့တဲ့ အင်္ဂလန်ဘောလုံးလောကကိုပဲ ပြန်ပြီးအခြေချချင်စိတ်ရှိနေပုံပါ။ အပြောင်းအရွှေ့အတွက်ကတော့ တိတိကျကျပြောလို့မရသေးပါဘူး ” လို့ ကော့တင်ဟိုရဲ့အေးဂျင့်ဖြစ်သူက Sky Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။
ကော့တင်ဟိုကိုခေါ်ယူလိုတဲ့အသင်းများတွင် လက်ရှိအငှားကစားနေတဲ့ ဘာစီလိုနာအသင်းအပါအဝင် ဥရောပ ထိပ်သီးအသင်းအချို့၊ ပရီးမီးယားလိဂ်အသင်းအချို့ပါဝင်နေပေမယ့် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးကြောင့် ညှိ နှိုင်းမှုပြုလုပ်ရန် ကြန့်ကြာနှောင့်နေးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။
အသင်းဟောင်းလီဗာပူးအသင်းကလည်း ကော့တင်ဟိုကို ပြန်လည်ခေါ်ယူဖို့မဖြစ်နိုင်တော့ဘူးလို့ အတည်ပြု ထားခဲ့ပေမယ့်အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ချဲလ်ဆီး၊အာဆင်နယ်၊စပါးအသင်းတို့က တော့ စိတ်ဝင်စားနေပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်း တရားဝင်ကမ်းလှမ်းဖို့ရှိနေ တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။