လန်ဒန်မြို့တော်ဝန်ကလည်း လုပ်ခမြင့် ဘောလုံးသမားတွေက အခုဖြစ်နေတဲ့ ဝန်ထုပ်ကို ထမ်းသင့်တယ်လို့ တိုက်တွန်းလာပါတယ်။
အင်္ဂလန်က နိုင်ငံတွေက ပရီးမီးယားလိဂ် ကစားသမားတွေကိုအခုလို ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ကာလမှာ လစာငွေမယူသင့်ဘူးလို့ ထောက်ပြ ပြောဆိုလာမှုတွေ ရှိနေတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါ တယ်။
ဒီဂျစ်တယ်၊ယဥ်ကျေးမှု၊မီဒီယာနှင့်အားကစားကော်မတီရဲ့ ဥက္ကဌ ဂျူလီယန်နိုက်ခ်ကလည်း အချို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ လုပ်ဆောင်ချက်ကို ရှုတ်ချပြောဆိုလာတယ်လို့ သိရပါတယ်။
“လည်မျိုနင်နေသလိုပါပဲ၊ဒါဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ကိုယ်ကျင့်တရား ပျောက်ဆုံးနေပြီဆိုတာကို ပြသ နေသလိုပါပဲ”လို့ နိုက်ခ်က ပြောလာပါတယ်။
မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ ဘုန်းမောက်အသင်းရဲ့ အကြီးတန်း အရာရှိတွေ လစာ သိသိသာသာ လျော့ယူခဲ့ကြသ လို ဝန်ထမ်းတော်တော်များများလည်း မွေးရပ်မြေကို ပြန်သွားကြပြီလို့ ဘုန်းမောက်အသင်းက တရားဝင် သတင်း ထုတ်ပြန်လာပါတယ်။
ဒီအချိန်မှာ ကစားသမားတွေအနေနဲ့ကတော့ အစိုးရပိုင်းက တရားဝင် အမိန့် ထုတ်ပြန် ညွန်ကြားလာခြင်း မရှိသေးသမျှ လစာလျော့ယူမှုကို မလုပ်ကြရန် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းက ကစားသမား တိုင်းကို စာပေးပို့ သတိပေးထားတယ်လို့လည်း သိရပြန်ပါတယ္။
ဒါပေမယ့်လည်း လက်ရှိအချိန်ကနေ လာမယ့် ၄၈ နာရီအတွင်းတော့ ကစားသမားတွေရဲ့ မြင့်မားတဲ့ လုပ်ခလစာ လျော့ယူရန် ကိစ္စနဲ့၂၀၁၉-၂၀ ဘောလုံးရာသီ ပြန်စနိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့ မရှိသေးဘူး လို့လည်း သိရပါတယ်။