ပရီးမီးယားလိဂ်ပွဲတွေကို ရပ်နားဖို့ ရှိနေသလို မရပ်နားရင်လည်း ကွင်းပိတ်ကစားဖို့ စီစဥ်နေတာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူးအသင်း ချန်ပီယံ ဆုဖလားကိုင်မြှောက်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်နေတယ်လို့ နည်းပြ ကလော့ပ်က ထုတ်ဖော်ပြောလာတဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။
လီဗာပူးကတော့ ပြီးခဲ့တဲ့ဝက်ဖို့ဒ်နဲ့ပွဲမှာ ၃-၀ နဲ့ ရှုံးနိမ့်ပြီး ၂၀၀၃-၀၄ ခုနှစ်က အာဆင်နယ်အသင်း တင်ရှိထားတဲ့ ၄၉ ပွဲ လိဂ်ရှုံးပွဲမရှိစံချိန်ကို လိုက်မီနိုင်တော့ခြင်းမရှိတော့ပဲ ၄၄ ပွဲနဲ့ ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့် ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်ကိုမူ သေချာသလောက်နီးပါးအထိ ရှိနေပြီ ဖြစ်ပြီး ထိပ်ဆုံးမှာ ၂၂ မှတ်အသာနဲ့ ဦးဆောင်ထားဆဲပါ။
လက်ရှိအချိန်မှာတော့ ကမ္ဘာအဝန်းဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ပရီးမီးယားလိဂ် လည်းရပ်နားဖို့ ရှိနေသလို မရပ်နားဘူးဆိုရင်လည်း ကွင်းပိတ်ကစားဖို့ အထိ ဆောင်ရွက်နေပါပြီ။
၁၉၉၉ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလားမရတော့တဲ့ လီဗာပူးအတွက် နှစ်ပေါင်း ၃၀ အကြာမှာ ပထမဆုံး ပြန်လည် ကိုင်မြှောက်ရမယ့် အခွင့်အရေးကို ဆုံးရှုံးမှာ ကလော့ပ်က ကြောက်နေတာပါ။
“ကျွန်တော့် ပရိသတ်တွေကတော့ ဒါကို ကြောက်နေမယ်မထင်ပါဘူး၊ဒါပေမယ့် ဒီအရာကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက်မယုံကြည်နိုင်အောင် ဖြစ်ရပါတယ်။တစ်ယောက်ယောက်က ကျွန်တော့်ကို ပွဲပျက်နိုင်တာ နဲ့ ပတ်သက်ပြီး မေးလာခဲ့ရင်တော့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ဘယ်သူကစားမလဲ နောက်ပြီး တကယ် စိတ်ဝင်စား ဖို့ ကောင်းနေလို့လားလို့ပဲ ပြန်မေးမိမှာပါ။”လို့ ကလော့ပ်က ပြောခဲ့တာပါ။
လီဗာပူးကတော့ ဒီညမှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့်ပွဲကစားဖို့ ရှိနေပြီး ဒါပြီးရင် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-ကျော့အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဆက်လက်ကစားရပါမယ်။