ဆီဘယ်လော့စ်အနေနဲ့ အာဆင်နယ်အသင်းကို တစ်နှစ်အငှားစာချုပ်နဲ့လာရောက်ကစားနေတာပါ။
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တွင် အဓိက,ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ကစားခွင့်ရနေတဲ့ဆီဘယ် လော့စ်အနေနဲ့ အငှားစာချုပ်ကုန်ဆုံးချိန်တွင် အပြီးသတ်စာချုပ်ချုပ်ဖို့ ဆန္ဒရှိနေတယ်လို့ Mirror.com က အ ခိုင်အမာဖော်ပြလာပါတယ်။
လက်ရှိမှာအငှားစာချုပ်နဲ့ ကစားနေရတဲ့ ဆီဘယ်လော့စ်ဟာ အာဆင်နယ်နည်းပြယူနိုင်းအမ်မရီရဲ့ ကစားကွက် အတွင်း အံဝင်အောင်ကစားနိုင်ခြင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့အတွက် ပရီးမီးယားလိဂ်ကိုအပြီးသတ်ပြော င်းရွှေ့ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။
သတင်းထွက်ပေါ်မှုများတွင် ဆီဘယ်လော့စ်အနေနဲ့ အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ခွင့်ရရှိရေး အတွက် ရီးရဲလ်အသင်းဥက္ကဋ္ဌပီရက်ဇ်ကို တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ခွင့်ပြုချက်ရရှိဖို့အတွက် လာမယ့်ရက်သ တ္တပတ်အတွင်း သီးသန့်တွေ့ဆုံမှုပြုလုပ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
စပိန်လူငယ်ကွင်းလယ်ကစားသမားအနေနဲ့ ရီးရဲလ်အသင်းရဲ့ အနာဂတ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ပရီးမီး ယားလိဂ်အပြီးသတ်ပြောင်းရွှေ့ဖို့အတွက်ပဲ ဆန္ဒရှိနေခဲ့တာဖြစ်တယ်လို့လည်း စပိန်အားကစားမီဒီယာတွေဖြစ် တဲ့ Marca.comနဲ့ As.comတို့က သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြယူနိုင်းအမ်မရီအနေနဲ့ကလည်း ဆီဘယ်လော့စ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အနာဂတ်ကာလတွင် အဓိကကွင်းလယ်ကစားသမားအိုဇေးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါင်သန်း ၅၀ခ န့်အထိ အသုံးပြုဖို့ရှိနေတယ်လို့လည်း သိရပါတယ်။