လာမယ့်တနင်္ဂနွေနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ။

ဘောလုံးဝေဖန်သုံးသပ်သူ ချာလီနီကိုးလတ်စ်က ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးကို သရေကစားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားပြီး တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်းဆင်းဇုန်အတွင်းကို ကျရောက်သွားတော့မှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားရောက်ပြီး ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်ကို ဆက်လက်တိုးမြှင့်သွားမှာဖြစ်သလို အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်များများဖြတ်ပြီး ဆက်လက်ဦးဆောင်ဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင်ကစားသမား ချာလီနီကိုးလတ်စ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကို စိတ်ပျက်အောင်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် အမှတ်ရရှိအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။



“ကျွန်တော် ထင်တယ်။ ယူနိုက်တက်ရဲ့ စိတ်ဆန္ဒ၊ အခုအချိန်မှာရှိတဲ့ အသင်းအခြေအနေက အားလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ အခွင့်အရေးကို ပေးနိုင်ပြီး လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလားရရှိမယ့် အခွင့်အရေးကို အလဲထိုးနိုင်မှာပါ။ သူတို့တွေ အဲဒါကို ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်”

“အိုးထရက်ဖို့ဒ်က အကြီးမားဆုံးပွဲစဉ်တွေ အမြဲတမ်းကစားခဲ့ကြတဲ့ နေရာပါ။ အန်းဖီးကတော့ ပိုပြီး ပြင်းထန်ပြီး လှုပ်ခါစေပါတယ်။ ဒါပေမယ့် ဒါက လီဗာပူးအတွက် အမြဲတမ်း စမ်းသပ်မှုဖြစ်နေခဲ့ပါတယ်။ သူတို့တွေ ပရီးမီးယားလိဂ်တခါမှ မရဖူးဘူးလေ”

“လီဗာပူးက တချို့အချိန်အနည်းငယ်တွေမှာ ယူနိုက်တက်ကို ထိုးနှက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို ယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါက ယူနိုက်တက်အတွက် သေမထူး နေမထူးတဲ့အခြေအနေဖြစ်ပြီး သူတို့အတွက် ရမှတ်ရယူဖို့အတွက် ကြိုးစားဖို့ ယုံကြည်မှုရှိနေမယ့် နေ့တစ်နေ့ဖြစ်ပါလိမ့်မယ်။ သူတို့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

“တကယ်လို့ သူတို့တွေ အနိုင်ယူခံရပြီး လီဗာပူးက သူတို့ကို အရှက်ရစေခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားအတွက် ပိုလို့တောင် အန္တရာယ်ရှိတဲ့ကာလဖြစ်သွားလိမ့်မယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်က ဒီပွဲမှာ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က