၂၇၉ ‌ဒေါ်လာ‌‌ဈေးနဲ့ ‌ရောင်းချသွားမှာပါ

LTE ချိတ်ဆက်မှု ပါရှိပြီး ဒေါ်လာ ၃၀၀ အောက်ဈေးနဲ့ ထွက်လာတဲ့ Galaxy Tab A 8.4 (2020) ဗားရှင်းဟာ တန်ဖိုးသင့် အန်းဒရိုက်တက်ဘလက်တစ်လုံးအနေနဲ့ မျက်စိကျစရာပါပဲ။

အန်းဒရိုက်တက်ဘလက်ဈေးကွက်ဟာ အကျဘက်ရောက်နေပေမယ့် Samsiung ကတော့ အခုထိ တက်ဘလက်တွေ ပုံမှန်ထုတ်နေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က Galaxy Tab S6 ဆိုပြီး Flagship တက်ဘလက် ထုတ်ခဲ့တဲ့ Samsung ဟာ ဒီတစ်ခါမှာလည်း ၂၀၂၀ ဗားရှင်း Galaxy Tab A မော်ဒယ်သစ်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

Photo: slashgear

Galaxy Tab A 8.4 (2020) ဟာ အပေါ့စားသတ္ထုကိုယ်ထည် ပရီမီယံ ဒီဇိုင်းသုံးထားပြီး dual sound speakers စနစ်တွေ သုံးထားပါတယ်။ WiFi နဲ့ LTE နှစ်မျိုး ပါရှိပြီး Bluetooth 5.0 ချိတ်ဆက်မှု သုံးထားပါတယ်။ screen resolution အနေနဲ့ 1920 x 1080p ရုပ်ထွက် ပါရှိပြီး TFT LCD panel သုံးထားတာပါ။

နာမည်အတိုင်း မျက်နှာပြင် ၈.၄ လက်မ ရှိတဲ့ Galaxy Tab A သစ်ဟာ Octacore Exynos 7904 processor သုံးထားပြီး RAM 3GB 32GB storage ပါဝင်ပါတယ်။ microSD card slot ကနေ 512GB အထိ storage ထပ်တိုးနိုင်မှာပါ။ ရှေ့ဘက်မှာ 5MP selfie ကင်မရာနဲ့ ကျောဘက်မှာ autofocus နဲ့ အတူ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

5000 mAh ဘက်ထရီပါဝါ သုံးထားပြီး USB-C ကနေတစ်ဆင့် အမြန်အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ အဆိုကတော့ ဒီဘက်ထရီဟာ တစ်ခါအားသွင်းထားချိန်မှာ ၁၀ နာရီအထိ အသုံးခံမယ်လို့ ဆိုပါတယ်။ Android ဗားရှင်းအနေနဲ့ Android 9 Pie ကိုပဲ သုံးထားတာပါ။

လက်ရှိမှာ Samsung Galaxy Tab A 8.4 (2020) ကို Samsung.com ကနေ ရောင်းချပေးနေပြီး ဈေးနှုန်းကတော့ ၂၇၉ ဒေါ်လာ (မြန်မာငွေ ၃ သိန်း ၈ သောင်းခွဲခန့်) ‌ဈေးသတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က