ဒေါ်လာ ၅၀၀ အောက်ဈေးကနေ စတင်ရောင်းချသွားမှာပါ

TV ဈေးကွက်မှာ ထိပ်တန်းက ရှိနေတဲ့ TCL ဟာ 5G ဖုန်းအပါအဝင် ဆန်းသစ် ထူးခြားပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးနဲ့ စမတ်ဖုန်းဈေးကွက်ပါ ခြေဆန့်လာပြီ ဖြစ်ပါတယ်။

TCL ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထွက်လာတဲ့ စမတ်ဖုန်းတွေကို TCL 10 5G ၊ TCL 10 Pro နဲ့ TCL 10L လို့ နာမည်ပေးထားပါတယ်။ ဖုန်းအားလုံးမှာ သုံးထားတဲ့ displayကို TCL ရဲ့ NXTVISION display နည်းပညာနဲ့ ကုမ္ပဏီရဲ့ display ဌာနဖြစ်တဲ့ TCL CSOT ကနေ ထုတ်လုပ်ထားတာပါ။ TCL 10 5G နဲ့ 10L တို့မှာ flat display သုံးထားပြီး Pro မော်ဒယ်မှာ ဘေးဘောင်ကွေးညွှတ်ထားတဲ့ edge AMOLED screen နဲ့ ထွက်လာပါတယ်။


Photo: GSMArena

TCL 10 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပြီး ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdargon 7 series chipsetသုံးထားပါတယ်။ Processor အမျိုးအစား အတိအကျ မပြောထားပေမယ့် Snapdragon 765G processor ဖြစ်မယ်လို့ GSMArena က ခန့်မှန်းထားပါတယ်။

screen size မသိရပေမယ့် ကျောဘက် လက်ဗွေစနစ် ၊ punch hole display နဲ့ လေးလုံးတွဲကင်မရာတွေ သုံးထားပါတယ်။ TCL 10 Pro ကတော့ မှန်ပြင်အောက် လက်ဗွေစနစ် ပါတဲ့ edge-to-edge AMOLED display နဲ့ လာပြီး ဆယ်လ်ဖီကင်မရာနေရာပဲ ကွက်ချန်ထားတဲ့ notch display ပါရှိပါတယ်။ ကျောဘက်မှာ dual LED flash modules နဲ့ အလျားလိုက် လေးလုံးတန်းကင်မရာကိုပဲ သုံးထားတာပါ။


Photo: pocket-lint

TCL 10 Pro နဲ့ TCL 10 5G တို့မှာ 64MP main camera တပ်ဆင်ထားပြီး TCL 10L ကတော့ 48MP main sensor နဲ့ လာပါတယ်။ TCL 10L မှာလည်း TCL 10 5G လိုပဲ punch-hole display ၊ ကျောဘက် လက်ဗွေစနစ် ၊ အလျားလိုက်လေးလုံးတန်းကင်မရာ နဲ့ ရောင်ပြန် ကျောဘက် glass ဒီဇိုင်း သုံးထားပါတယ်။

TCL အနေနဲ့ ဒီဖုန်း ၃ မျိုးလုံးရဲ့ အချက်အလက် အသေးစိတ် မကြေညာသေးပေမယ့် လာမယ့် ဖေဖော်ဝါရီ MWC ပွဲမှာ ထုတ်ကုန်အကြောင်း အသေးစိတ် မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ အောက်ကနေ စတင်သွားမှာပါ။

Share

Loading Next Article...
က္က