ဗာဒီက တိရစ္ဆာန်မွေးမြူရတာကို သဘောကျနှစ်သက်သူတယောက်ပါ။

လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီဟာ အပူချိန်အနှုတ်လက္ခဏာပြနေတဲ့ ဝင်ရိုးစွန်းဒေသတွေမှာ အဓိက ကျင်လည်ကျက်စားလေ့ရှိတဲ့ ပင်ဂွင်းငှက်တွေကို ဝယ်ယူမွေးစားဖို့ လုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လူမျိုးတိုက်စစ်မှူးကြီးဟာ ပင်ဂွင်းငှက်တွေကို ချစ်ဖို့ကောင်းတယ်လို့ ယူဆခဲ့တာကြောင့် အခုလိုမျိုး ကြိုးစားခဲ့တာပါ။

တပတ်လုပ်ခ ပေါင် (၁၄၀,၀၀၀) ရရှိနေတဲ့ ဗာဒီဟာ ကလေးငါးယောက်အဖေလည်းဖြစ်ပြီး သူ့အိမ်မှာ ခွေး (၄) ကောင်နဲ့ ကြက် (၁၁) ကောင် မွေးမြူထားတယ်လို့လည်း သိရှိရပါတယ်။ ပင်ဂွင်းငှက် ဝယ်မွေးချင်တဲ့ ဆန္ဒနဲ့ပတ်သက်လို့ ဗာဒီက အခုလိုပဲပြောကြားခဲ့ပါတယ်။

ဗာဒီက “ဒါက တကယ် ထူးဆန်းတဲ့ကိစ္စဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော့်ခြံထဲမှာ မွေးထားဖို့ ပင်ဂွင်းငှက်ကို လိုက်ရှာခဲ့ပါတယ်။ သူတို့က ချစ်ဖို့ကောင်းတဲ့ အကောင်လေးတွေလေ။ ဒါပေမယ့် ကျနော်ကတော့ တကောင်မှ ဝယ်မမွေးခဲ့ဖူးပါဘူး”

“ဒါပေမယ့် ဒီလိုမျိုး ပင်ဂွင်းငှက် ဝယ်ယူဖို့ လိုက်ရှာနေတုန်းမှာပဲ သစ်ကုလားအုတ်တို့၊ အခြားထူးဆန်းတဲ့ တိရစ္ဆာန်တွေကို ဝယ်ယူတာတို့နဲ့ပတ်သက်တဲ့ ဥပဒေတွေကို လေ့လာသိရှိခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဗာဒီက သူ့ရဲ့ဇနီးဖြစ်သူ ဘက်ကီနဲ့ အတူတကွ ရေးသားထားတဲ့ Cedric the Little Sloth with a Big Dream ဆိုတဲ့ ကလေးစာအုပ်တအုပ်ကိုလည်း ဖြန့်ချိထားပြီး အဲ့ဒီစာအုပ်ကို ဖြန့်ချိတဲ့နေ့မှာပဲ အခုလိုပဲ သူ့ရဲ့ ထူးထူးဆန်းဆန်းဆန္ဒနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က