ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါသမထိန်းနိုင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံက အမျိုးသမီး ဘောလုံးပွဲစဉ်အတွင်းမှာ ဒိုင်လူကြီးဟာ ပင်နယ်တီ ပေးရမယ့် ပြစ်ဒဏ်ဘောကို ငြင်းဆန်ခဲ့တာကြောင့် တစ်သင်းလုံးရဲ့ ဆွမ်းကြီးဝိုင်းလောင်းခြင်းကို ခံခဲ့ရပါတယ်။

ကွန်ဂိုနိုင်ငံက အမျိုးသမီးအသင်းဖြစ်တဲ့ ဒီစီ မိုတီမာ ပန်ဘီအသင်း ကစားသမားတွေဟာ ဒိုင်လူကြီးက ၎င်းတို့ကို ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါသမထိန်းနိုင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒိုင်လူကြီးက ပင်နယ်တီဧရိယာအတွင်း မေးခွန်းထုတ်ဖွယ် ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပြစ်ဒဏ်မသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ မိုတီမာ ပန်ဘီအသင်းဟာ မာဇမ်ဘီအမျိုးသမီးအသင်းကို ၅-၁ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်တယ်လို့ Media Ite က ဖော်ပြခဲ့ပြီး ဒေါသထွက်နေတဲ့ မိုတီမာ ပန်ဘီကစားသမားတွေဟာ ဒိုင်လူကြီးကို ကွင်းပြင်အထိ လိုက်ထိုးခဲ့ကြသလို ကွင်းဘေးစည်း အရန်ခုံတန်းက အသင်းသားတွေလည်း ပြေးလာတဲ့ဒိုင်လူကြီးကို ဆွမ်းကြီးဝိုင်းလောင်းခဲ့ကြတာဖြစ်ပါတယ်။



ဒိုင်လူကြီးဟာ ဒိုင်လူကြီး ခုံလို့ ယူဆရတဲ့ နေရာဆီကို ပြေးလာခဲ့တာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေနဲ့ ပွဲတာဝန်ရှိသူတွေလို့ ယူဆရတဲ့ပုဂ္ဂိုလ်တွေ တားဆီးနေတဲ့ကြားက ဒိုင်လူကြီးကို လက်သီးပျံ၊ ဒူးပျံ၊ ဘရုစ်လီကန်ချက်တွေနဲ့ တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒိုင်လူကြီးကို ကွင်းလုံခြုံရေးဝန်ထမ်းတွေက ကူညီကယ်ဆယ်ပေးခဲ့ပြီး ဥမင်ထဲကို ဆင်းနိုင်အောင် ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

GhanaWeb ရဲ့ဖော်ပြချက်အရ ဒိုင်လူကြီးကို ထိုးကြိတ်မှုမှာ ပါဝင်ခဲ့တဲ့ ကစားသမားအချို့ဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်လို့ သိရပြီး မကြာသေးမီက ပရီးမီးယားလိဂ်မှာ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ ဒိုင်လူကြီးတွေသာ ကွန်ဂိုရောက်သွားရင် တော်တော်လေးကို စိတ်ဝင်စားစရာကောင်းမှာ ဖြစ်ပါတယ်။

Share

က္က