ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက မန်ချက်စတာဒါဘီပွဲမှာ ဂရီလစ်ရှ်တစ်ယောက် အထုတ်ခံရသင့်တယ်လို့​ ဝေဖန်နေကြပါတယ်။ အဆိုပါပွဲမှာ မန်စီးတီး တိုက်စစ်ကစားသမား ဂရီလစ်ရှ်က ယူနိုက်တက် ကွင်းလယ်လူ အမ်မရာဘတ်ကို ကစားပုံကြမ်းတမ်းခဲ့တာပါ။



ဂရီလစ်ရှ်ဟာ အမ်မရာဘတ်ရဲ့ ရင်ဘတ်ကို ဒေါသတကြီး တွန်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်က ဘာအရေးယူမှုမှ မပြုလုပ်ခဲ့သလို VAR ကလည်း မျက်ကွယ်ပြုခဲ့တာကြောင့် ဂရီလစ်ရှ်တစ်ယောက် အဝါကတ်တောင် မထိဘဲ ကိစ္စက ပြီးဆုံးသွားခဲ့ပါတယ်။
မန်စီးတီးကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ဟို့ဂျ်လန်း ရိုဒရီကို Soft Foul သာ ကျူးလွန်ခဲ့ပေမယ့် VAR က ပင်နယ်တီပေးခဲ့တာကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်နေပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “ဂရီလစ်ရှ်က ဘာကြောင့် အနီကတ်မထိခဲ့တာလဲ။ ဒိုင်တွေရဲ့ အရည်အသွေးက ဘယ်လိုများလဲ”
“ဂရီလစ်ရှ်က အမ်မရာဘတ်ရဲ့ ရင်ဘတ်ကို ကွင်းလယ်ဒိုင်ရှေ့မှာပဲ တွန်းထိုးခဲ့တာပါ။ ဒါပေမယ့် ဘာအရေးယူမှုမှ မရှိခဲ့ပါဘူး။ ကက်စ်မဲရိုးသာဆိုရင်တော့ ဒီဖြစ်ရပ်အတွက် ထောင်ထဲတောင် အထည့်ခံရနိုင်ပါတယ်”​“ဂရီလစ်ရှ်က ဘာကတ်ပြားမှတောင် အပြမခံခဲ့ရပါလား။ သူက ဒါမျိုး ကျူးလွန်ခဲ့တာတောင်မှလေ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါ့အပြင် ပွဲပြီးခါနီး အချိန်ပိုမှာလည်း အငြင်းပွားစရာ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်တောင်ပံ ကစားသမား အန်တိုနီက မန်စီးတီး တောင်ပံ ကစားသမား ဒိုကူကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ကန်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က အန်တိုနီကို အဝါကတ်ပြသခဲ့ပါတယ်။

Share

Loading Next Article...
က္က