အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ပင်နယ်တီအဆုံးအဖြတ်တွေအတွက် Buddy စနစ်ကို သတ်မှတ်ပေးထားတယ်လို့ သိရှိရပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ဖြုတ်ချခဲ့တာပါ။
ဒီလိုမျိုး ပင်နယ်တီ အဆုံးအဖြတ် မကန်ခင်မှာ ဆောက်ဂိတ်က ဒကလန်ရိုက်စ်၊ လုခ်ရှော၊ ဝေါ်လ်ကာ၊ စတုန်းစ်တို့နဲ့ အနီးကပ် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေက ပင်နယ်တီအဆုံးအဖြတ်မှာ တစ်လုံးမှ ဝင်ကန်သွင်းခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ဒါက ဆောက်ဂိတ်အနေနဲ့ ပင်နယ်တီ ကန်သွင်းမယ့် ကစားသမားတွေကို အားပေးဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို သတ်မှတ်ပေးခဲ့တာလို့ သိရှိရပါတယ်။ ပါးလ်မားအတွက် ဝေါ်လ်ကာ၊ ဘယ်လင်ဟမ်အတွက် လုခ်ရှော၊ ဆာကာအတွက် စတုန်းစ်၊ ရိုက်စ်အတွက် တိုနေးတို့ကို စီစဉ်ပေးခဲ့တာပါ။
ဒါက ရိုးရှင်းတဲ့ အစီအစဉ်ဆိုပေမယ့် လိုအပ်တဲ့ လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ ဒီကစားသမားတွေက ပင်နယ်တီကန်သွင်းတဲ့ အသင်းဖော်တွေ ဂိုးဝင်တဲ့အခါ ချီးကျူးဂုဏ်ပြုပြီး ဂိုးမဝင်တဲ့အခါမှာလည်း လိုအပ်တဲ့ နှစ်သိမ့်မှုတွေ ပြုလုပ်ပေးရတာပါ။
ဒီပွဲမှာ အင်္ဂလန်အတွက် ပါးလ်မား၊ ဘယ်လင်ဟမ်၊ ဆာကာ၊ ရိုက်စ်နဲ့ တိုနေးတို့က ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခဲ့သလို အာနိုးလ်ကလည်း အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။