ယူနိုက်တက်ပရိသတ်တွေကတော့ သဘောအကျကြီးကျနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကက်စ်မဲရိုးကတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ သဘောကျအားပ​ေးမှုကို ရရှိတာထက် ပိုပိုပြီးတော့ကို ရရှိနေပါပြီ။ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းဖို့အတွက် ပြင်ဆင်နေချိန်အတွင်း အသင်းအတွက် ပထမဆုံးပင်နယ်တီကို ကန်သွင်းဖို့အတွက် တာဝန်ယူဖို့ ပြောဆိုခဲ့တဲ့ သူ့ရဲ့အဖြစ်အပျက်က ယူနိုက်တက်ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။ 

စတိမက္ကလာရင်နဲ့ တန်ဟက်ဂျ်တို့က အသင်းသားတွေကို လိုအပ်တာတွေ ပြောဆိုခဲ့ပြီးနောက် ပထမဆုံးပင်နယ်တီကို ဘယ်သူကန်သွင်းယူမလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ ဒီအချိန်မှာ ကက်စ်မဲရိုးက သူကန်သွင်းမယ်ဆိုတာကို လက်ထောင်ပြကာ အချက်ပြခဲ့ပြီး တာဝန်ယူခဲ့ပါတယ်။ တကယ်ကန်သွင်းယူချိန်မှာလည်း ကက်စ်မဲရိုးက ဝင်အောင်သွင်းယူနိုင်ခဲ့ကာ အသင်းဖော်တွေကို ဖိအားတွေလျော့စေခဲ့ပါတယ်။ 



ကက်စ်မဲရိုးရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေက သဘောကျနေကာ "ဘရာဇီးလ်သားက ဘယ်တုန်းကမှ နောက်မှာရှိမနေခဲ့ဘူး" လို့ ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် "ကက်စ်မဲရိုးက တကယ့်ခေါင်းဆောင်တဦးပဲ၊ ဒိုင်လူကြီးတွေအကုန်လုံးက သူ့ကို ပစ်မှတ်ထားနေတာ ငါတို့သိတယ်၊ တခါတလေမှာ သူ့ရဲ့ ယုံကြည်မှုကို ပျက်ပြားစေမှာ သေချာတယ်" လို့ ပရိသတ်တဦးက တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။ 

ကက်စ်မဲရိုးဟာ ယူနိုက်တက်ကို ရောက်ရှိလာချိန်ကစပြီး အသင်းအတွက် ခြေစွမ်းပြကစားနေခဲ့ကာ သူမပါဝင်ခဲ့တဲ့ ပွဲတွေမှာဆို အသင်းရလဒ်ပိုင်းပါ ဆိုးရွားတဲ့အထိ အကျိုးသက်ရောက်မှုရှိနေခဲ့ပါတယ်။ အချိန်ခဏလေးအတွင်းမှာပဲ သူက ပရိသတ်အချစ်တော်ကစားသမားတဦးဖြစ်လာပြီး သူကိုယ်တိုင်ကလည်း အသင်းအတွက် ရှေ့ဆုံးကနေ တာဝန်ယူပေးဖို့ အသင့်ဖြစ်နေခဲ့တာကလည်း သူ့ကို အားပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ 


Share

Loading Next Article...
က္က