ပရိသတ်တွေ ကျေနပ်စေမယ့် စွမ်းဆောင်ရည်အချို့ကို ပြသနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အက်တီဖတ်နဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အယ်လ် နာဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေ ကျေနပ်စေမယ့် စွမ်းဆောင်ရည်အချို့ကို ပြသနိုင်ခဲ့ပါတယ်။



အဲဒီအခိုက်အတန့်တွေထဲက တစ်ခုအနေနဲ့ ရော်နယ်လ်ဒိုက ဘယ်တောင်ပံကနေ ထိုးဖောက်လာပြီးနောက် ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ ဟန်ဆောင်ဂိုးကန်သွင်းမှု ပြုလုပ်ပြီးတော့ ပြိုင်ဘက် နောက်ခံလူကို ငုတ်ထုတ်မေ့ လဲကျစေခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ညာခြေနဲ့ ဘောလုံးကို ကန်မလို အယောင်ပြပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကို ယခုလအစမှာ ကြီးမားတဲ့ လစာပမာဏနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း အက်ဖ်အေက ချမှတ်ထားတဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ် နာဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ဖို့အတွက် စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှသာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံးပွဲအဖြစ် ပွဲဦးထွက်ပါဝင်ကစားခဲ့ပြီး ရီယက်ဒ် ကြယ်စင်စုအသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်တီဖတ်နဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ အယ်လ် နက်ဆာအတွက် တရားဝင် ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ အန်ဒါဆန် တာလစ်စ်ကာရဲ့ ပထမပိုင်းက သွင်းဂိုးကြောင့် အနိုင် ၃ မှတ်အပြည့် ရယူသွားနိုင်ခဲ့တဲ့ ရူဒီ ဂါစီယာရဲ့အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အယ်လ် နက်ဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ် ၁၄ ပွဲကနေ ၃၃ မှတ်အထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယနေရာက အယ်လ် ဟီလာလ်အသင်းကို ၁ ပွဲလျော့ ၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က