ယူနိုက်တက်တို့ နောက်ကျချေပဂိုးရရှိချိန်မှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကတော့ တဖက်တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ နောက်ကျချေပဂိုးရချိန်မှာ အန်တိုနီက ဂျော်ဂျင်ဟိုနားကိုကပ်ကာ အကြီးအကျယ် အော်ဟစ် အောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။



ယူနိုက်တက်ဟာ ပွဲကစားချိန် (၈၅) မိနစ်မှာ တွမ်မီနေး ဘရိုဂျာကို ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ယူနိုက်တက်တို့ ရှုံးပွဲကြုံတွေ့ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုမှာတော့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပါတယ်။


လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ကက်စ်မဲရိုးက အဝေးထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဘောလုံးက တိုင်ထိ၊ ဂိုးစည်းကျော်ကာ ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ကီပါအနေနဲ့ ဂိုးမဝင်အောင် အသည်းအသန် လိုက်ဆွဲခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားကြောင်း ဒိုင်လူကြီးထံ အချက်ပြခဲ့တဲ့နောက် ယူနိုက်တက် ကစားသမားတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။


အဲ့ဒီအနေအထားမှာ အန်တိုနီကလည်း ဂိုးပေးဖို့ ကွင်းလယ်ဒိုင်ဆီ ပြေးလွှားစောဒကတက်ရင်း ဂိုးရပြီဆိုတာ သိလိုက်ရတာနဲ့ အနားမှာရှိတဲ့ ဂျော်ဂျင်ဟိုကို နောက်ကနေ ကပ်အော်ပြီး ပြေးလွှားအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အန်တိုနီရဲ့လုပ်ရပ်ကို ဂျော်ဂျင်ဟိုက တစုံတရာ တုံ့ပြန်ခဲ့ခြင်းတော့မရှိပါဘူး။


အချို့ကတော့ အန်တိုနီရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပေမယ့် ပရိသတ်အများစုကတော့ ဒီကောင်လေးရဲ့ လုပ်ရပ်ကို သဘောကျနေကြပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အန်တိုနီက သူ့ရဲ့ Trademark လို့ ပြောရမယ့် ကစားပုံဖြစ်တဲ့ ဘောလုံးနဲ့အတူ (၃၆၀) ဒီဂရီလှည့်ပြီးတော့လည်း အကွက်ပြခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲအတွက် ပြောစရာတွေကို ဖန်တီးသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က