နေမာရဲ့ အပြုအမူကတော့ တကယ်ကို လေးစားဖွယ်ရာကောင်းခဲ့ပါတယ်။

ဘင်ဖီကာနဲ့ပွဲမှာ ဘတ်ပီတယောက် ပင်နယ်တီမကန်ခင်မှာ နေမာက အသံကုန်ဟစ်ကာ သူ့အသင်းဖော်ကို ဂိုးဝင်အောင်သွင်းယူဖို့အတွက် အားပေးခဲ့တဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ ဒါက နေမာနဲ့ ဘတ်ပီကြားမှာ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကိုပါ ချေဖျက်လိုက်နိုင်တာဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုပြသနာမှမရှိဘဲ မီဒီယာတွေက သက်သက်ဖွနေတာဖြစ်တယ်လို့ ပရိသတ်တွေကလည်း ပြောဆိုနေကြပါပြိ။ 

ဘတ်ပီက ပင်နယ်တီကန်သွင်းတော့မယ့်အချိန်မှာ ဧရိယာအပြင်ကနေ အသင့်စောင့်ဆိုင်းနေတဲ့ နေမာ​က ဆက်တိုက်အော်ဟစ်ကာ အားပေးခဲ့တာဖြစ်ပါတယ်။ ဘတ်ပီဂိုးသွင်းပြီးချိန်မှာလည်း နေမာက အသင်းဖော်အတွက် ကျေနပ်အားရနေခဲ့ပြီး အောင်ပွဲခံဂုဏ်ပြုဖို့အတွက် နောက်ကနေ ပြေးလိုက်သွားခဲ့ကာ ရာမို့စ်နဲ့အတူ လက်ဝါးချင်းရိုက်ခဲ့ကြပါသေးတယ်။ 




ဒီရာသီမှာ ဘတ်ပီက တကိုယ်ကောင်းဆန်မှုတွေ၊ အသင်းမှ သူ့ကို မက်ဆီနဲ့နေမာလောာက် အခွင့်အရေးမပ​ေးဘူးဆိုတဲ့ စိတ်ခံစားချက်တွေရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့တာပါ။ မနေ့ကလည်း ပီအက်စ်ဂျီကနေ သူ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး အသင်းတွင်းအဆင်မပြေမှုတွေရှိနေတယ်လို့ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပါတယ်။ 

ဒါပေမယ့် နေမာကတော့ သူနဲ့ ဘတ်ပီကြားမှာ ဘာအဆင်မပြေမှုမှမရှိဘူးဆိုတာကို ကွင်းတွင်းလုပ်ရပ်နဲ့ သက်သေပြသွားခဲ့ပါတယ်။ ဒီရာသီအစောပိုင်းမှာ သူတို့နှစ်ဦး ပင်နယ်တီလုကန်ဖို့အတွက်တောင် ဖြစ်ခဲ့ကြပေမယ့် မနေ့ညကတော့ ဘတ်ပီက ရှောရှောရှူရှူပဲကန်သွင်းခွင့်ရရှိခဲ့ကာ ဂိုးအဖြစ်လည်း ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပွဲကတော့ တဖက်တဂိုးစီနဲ့ သရေပွဲအဖြစ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က