ပီကေးကတော့ သူ့ရဲ့ ကစားသမားဘ၀နောက်ဆုံးပွဲကို အားလုံးကြေကွဲအောင် လုပ်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာနောက်ခံလူပီကေးကတော့ မနေ့က အယ်လ်မီရီယာနဲ့ပွဲကို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ကို ကောင်းကောင်းနှုတ်ဆက်သွားခဲ့ပါတယ်။ ကစားသမားဘ၀က အနားယူတော့မယ်လို့ ကြေညာထားပြီးဖြစ်တဲ့ ပီကေးကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူခိုင်းခဲ့သလို ပွဲထွက်ကစားခွင့်လည်း ပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘာကာက ၂-၀ နဲ့ အနိုင်ရရှိခဲ့ကာ ပီကေးအတွက် နှုတ်ဆက်လက်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီ၊ ဒီဂျောင်တို့က ဂိုးတွေသွင်းယူပေးခဲ့ကြပြီး အသင်းဖော်ကို နိုင်ပွဲရအောင် ကူညီပေးခဲ့တာပါ။ ပွဲချိန်အစောပိုင်းမှာ ဘာစီလိုနာတို့ ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး ပရိသတ်တွေက ပင်နယ်တီကို ပီကေးကန်သွင်းဖို့အတွက် အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ 

ဒါပေမယ့် ပီကေးကတော့ သူမကန်သွင်းဘဲ ပုံမှန်ကန်သွင်းနေကျ တိုက်စစ်မှူးလီဝန်ဒေါစကီးကိုသာ သွင်းယူစေခဲ့ပါတယ်။ ကံဆိုးတာကတော့ အဆိုပါပင်နယ်တီကို လီဝန်ဒေါစကီးကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့ပြီး ဘာကာတို့ နစ်နာခဲ့ရပါတယ်။ တကယ်လို့သာ ပီကေးက ပရိသတ်တွေပြောသလို သူကိုယ်တိုင်ကန်သွင်းခဲ့မယ်ဆိုရင် သူ့ရဲ့ ကစားသမားနောက်ဆုံးပွဲကို သွင်းဂိုးနဲ့အတူ နှုတ်ဆက်နိုင်ခဲ့မှာ ဖြစ်ပါတယ်။ 

ပီကေးက ပွဲကစားချိန် ၈၅ မိနစ်အထိ ဝင်ရောက်ကစားခဲ့ပြီး ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ ပီကေးဟာ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပုံမှန်နေရာမရတာကြောင့် ဇာရာဂိုဇာမှာ အငှားနဲ့သွားကစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် အသင်းဟောင်းဘာကာကို ပြန်လည်ပြောင်းရွှေ့ခဲ့ကာ ပွဲပေါင်း ၆၀၀ ကျော်ကစားပေးခဲ့ပြီး အောင်မြင်မှုအများအပြားရရှိခဲ့ပါတယ်။ 

Share

က္က