ကာကွယ်ဖို့တင်မဟုတ်ဘဲ ကန်ဖို့ပါ လေ့ကျင့်ထားတာပါ။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပင်နယ်တီကန်ဖို့အထိပါ ပြင်ဆင်ထားတယ်လို့ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်က ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်နဲ့ကစားရမယ့်ပွဲအတွက် နောက်ဆုံးအချိန်ထိ ကော်တွိုက်စ်က ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး ဒီရာသီမှာလည်း ပင်နယ်တီ ၅ ကြိမ်အထိ ရင်ဆိုင်ခဲ့ရာမှာ ၃ ကြိမ်အထိ ကာကွယ်ပေးထားခဲ့ပြီး မက်ဆီရဲ့ ကန်သွင်းမှု တကြိမ် ပါဝင်ခဲ့ပါတယ်။ 

လိုအပ်လာပါက ပင်နယ်တီကန်ဖို့အတွက်ပါ ပြင်ဆင်ထားတဲ့အကြောင်းကို ကော်တွိုက်စ်က "ချယ်လ်ဆီးနဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ပီအက်စ်ဂျီနဲ့ကစားခဲ့တဲ့ပွဲကို ကျနော်အမှတ်ရမိပါတယ်၊ အဲဒီမှာ ကျနော် ပင်နယ်တီကနေ ဂိုးသွင်းခဲ့ပြီး အာဆင်နယ်နဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ လွဲချော်ခဲ့ပါတယ်၊ ကွန်တီက ကျနော့်ကို ကန်ဖို့အားပေးခဲ့တာပါ၊ သူက ကျနော်ကောင်းကောင်းကန်နိုင်တာ သိပါတယ်"

"ဒါပေမယ့် ကန်ရမယ့်နေရာမှာ ရှိနေတာက အခြားအချိန်တွေနဲ့မတူဘူး၊ တော်တော်လေးကွဲပြားတယ်၊ ကျနော်က အရင်ဆုံးကန်ရမယ့် ၅ ဦးထဲမှာတော့ မပါဘူး၊ ဒါ သေချာတယ်၊ ဒါပေမယ့် အဲဒီနောက်မှာ ကန်ရဖို့အတွက် လိုအပ်လာမယ်ဆိုရင် ခင်ဗျားကန်ရမှာပဲ၊ ကျနော် ဒီအတွက်မကြောက်ပါဘူး"

"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အေတီကိုနဲ့ စပိန်စူပါဖလားပွဲမှာလည်း ဒီလိုပဲ ကျနော်တို့ အနိုင်ရခဲ့တာပါ၊ ကျနော် ပင်နယ်တီကာကွယ်နိုင်ခဲ့တယ်၊ ဒီရာသီမှာဆိုရင် ၃ ကြိမ်ကာကွယ်ထားတယ်" လို့ ကော်တွိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။


လီဗာပူးလ်နဲ့ကစားရမယ့်ပွဲက အကြိတ်အနယ်ရှိမှာသေချာနေပြီး ကော်တွိုက်စ် ခန့်မှန်းတွက်ဆထားသလို ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်လာမလားဆိုတာကို ဒီနေ့ညမှာမြင်တွေ့ရတော့မှာပါ။ 


Share

Loading Next Article...
က္က