ဒီလောက်ကံဆိုးတာတောင် ဒီထက်ကံဆိုးပါ့မလားပဲ။

အယ်လ်ချီနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲကတော့ ဘန်ဇီမာအတွက် တော်တော်လေးကို ကံဆိုးခဲ့တယ်လို့ ပြောရမှာပါ။ ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြနေတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ အဆိုပါပွဲမှာ ပင်နယ်တီလွဲချော်မှုလည်းဖြစ်ခဲ့ပြီး ကံကောင်းလို့သာ ၂ဂိုးအရှုံးကနေ ရီးရဲလ်တို့ သရေတမှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဘန်ဇီမာဟာ ပထမပိုင်းမှာရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ရာမှာ ဘားတန်းကိုကျော်သွားခဲ့ပြီး လွဲချော်ခဲ့ရပါတယ်။ ဒါဟာ ရီးရဲလ်ကစားသမားဘ၀မှာ သူ့အတွက် ပထမဆုံးပင်နယ်တီလွဲချော်မှုဖြစ်တယ်လို့ သိရပြီး အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းပေးနေတဲ့ အချိန်မှာ စိတ်ပျက်ဖွယ်ရာလွဲချော်မှုကြီးလည်း ဖြစ်ခဲ့ပြီး ဒဏ်ရာပါရကာ လူစားလဲခဲ့ရလို့ ပိုစိတ်ပျက်ခဲ့ရပါတယ်။ 

ဘန်ဇီမာဟာ ဒုတိယပိုင်းမှာ ၅၈ မိနစ်မှာ ဒကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လူကာဂျိုဗစ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ပင်နယ်တီကလွဲ၊ ဒဏ်ရာကရလို့ ကံဆိုးမှုတွေကုန်ဆုံးပြီလား ထင်မှတ်ခဲ့ရပေမယ့် ပွဲကစားနေစဉ်အတွင်း နေအိမ်ပါ ဖောက်ထွင်းခံခဲ့ရတဲ့ သတင်းက ဘန်ဇီမာကို ပက်လက်ပါလန်သွားစေခဲ့ပြီး တော်တော်လေးကံဆိုးတဲ့ နေ့တနေ့ဖြစ်လာခဲ့ရပါတယ်။ 

ဒါပေမယ့် အဆိုပါနေအိမ်မှာ လူနေထိုင်ခြင်းမရှိဘဲ လုယက်သူတွေဟာ သူ့ရဲ့နေအိမ်ပန်းခြံကနေ ဖြတ်ခဲ့ပြီးနောက် ဘာမှရှာမတွေ့တဲ့အတွက် ရှိတဲ့ဟာတွေကိုသာ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း နေအိမ်ဖောက်ထွင်းခံရမှုကို ဘန်ဇီမာက ကြုံတွေ့ခဲ့ဖူးပြီး ဒါက နောက်ထပ်တစ်ကြိမ်ဖြစ်ကာ ပြင်သစ်သားအတွက်တော့ စိတ်ပျက်စရာနေ့တရက်ကို ရင်ဆိုင်ခဲ့ရပါတော့တယ်။ 

Share

Loading Next Article...
က္က