ပီအက်စ်ဂျီ ချန်ပီယံလိဂ်ကထွက်ရတဲ့နောက် မက်ဆီကို ဝေဖန်နေကြတာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ မနေ့ညက ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဝေဖန်မှုတွေနဲ့ ထုံးစံအတိုင်း ရင်ဆိုင်နေရပါတယ်။ ပီအက်စ်ဂျီဟာ ပထမအကျော့မှာ တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆) သင်းအဆင့် နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီလိုမျိုး ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်က ထွက်ရတဲ့အပေါ် မက်ဆီကို ဝေဖန်မှုတွေရှိနေပါတယ်။

မနေ့ညကပွဲမှာ အဓိကအားဖြင့် ဂိုးသမား ဒွန်နာရမ်မာနဲ့ နောက်တန်းတွေရဲ့ အားနည်းချက်ကြောင့် ပီအက်စ်ဂျီတို့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေကတော့ မက်ဆီက ပြီးဆုံးသွားပြီလို့ ဝေဖန်ခဲ့ပါတယ်။

ပရိသတ်တွေက “မက်ဆီက (၂၀၁၅) တည်းက ချန်ပီယံလိဂ်ပွဲကြီးတွေဆို ပျောက်နေပါတယ်။ အခု ဒီအကြောင်းကို ပြောဖို့အချိန်တန်ပါပြီ။ မက်ဆီက ပြီးသွားပါပြီ” “မက်ဆီက ပထမအကျော့မှာ ပင်နယ်တီလွဲခဲ့သလို မိနစ် (၁၈၀) လုံးလုံးလည်း သရဲခြောက်သလို ပျောက်နေပါတယ်။ သူ့ဆီက ဘာမှမမြင်ခဲ့ရပါဘူး။ ဒါ ရော်နယ်ဒိုနဲ့တော့ မဆိုင်ပါဘူး”

“မက်ဆီဟာ မနှစ်တည်းက ပြီးဆုံးသွားပါပြီ” “မက်ဆီရော၊ ရော်နယ်ဒိုရော နှစ်ယောက်လုံးသွားပါပြီ။ ငါတို့ ဒီအကြောင်းတွေကို ရပ်လိုက်ကြရအောင်” “မက်ဆီဖန်တွေကတော့ မက်ဆီရဲ့ စွမ်းဆောင်ရည်ကို ကာကွယ်နေကြမှာပါ။ အဲ့ဒါက ရယ်စရာပါပဲ” လို့ အသီးသီး မှတ်ချက်ပြုဝေဖန်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က