ဝက်စ်ဟမ်းနဲ့ပွဲမှာ ပင်နယ်တီရခဲ့ပြီးနောက် ဟာလန်းက ဘောလုံးကို ကောက်ကိုင်ထားတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းပွဲမှာ မန်စီးတီးအတွက် ၂ ဂိုးသွင်းယူပေးပြီးနောက် ဟာလန်းကတော့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ သွင်းဂိုး ၂ ဂိုးရယူနိုင်ခဲ့ပါပြီ။ ပင်နယ်တီကတဆင့်တဂိုးသွင်းယူခဲ့ပြီးနောက် ဟာလန်းက အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုလည်း ရယူပေးနိုင်ခဲ့ကာ ကွန်မြူနတီဒိုင်းပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ လွဲချော်ခဲ့ရလို့ လှောင်ပြောင်ခံရသမျှကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးအင်တာဗျူးမှာ ဟာလန်းက ဟက်ထရစ်ရရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရလို့ "ဂိုးသွင်းရမယ့်နေရာမှာရှိနေခဲ့သင့်တာ၊ နည်းနည်းလေး သောက်တလွဲဖြစ်သွားတယ်" လို့ ပြောဆိုခဲ့ပါတယ်။ အင်တာဗျူးသူကတော့ ဒီလိုအသုံးအနှုန်းမျိုးမသုံးဖို့ သတိပေးခဲ့ရာမှာလည်း ဟာလန်းက "အာ၊ သောက်တလွဲဖြစ်ပြန်ပြီ၊ ဆောရီးဗျာ" လို့ ပြောပြီး နောက်တကြိမ် အနည်းငယ်ကြမ်းတမ်းတဲ့စကားထပ်ပြောမိခဲပါတယ်။ 

အဲဒီနောက်မှာ ဂွာဒီယိုလာက သူ့အနေနဲ့ လီယွန်နယ်မက်ဆီကို သတိရမိပြီး ဂိုးသွင်းသူတယောက်က အသင်းအတွက်ဂိုးတွေပိုသွင်းနိုင်လည်း ဘယ်တော့မှစိတ်ကျေနပ်မှုမရဘူးလို့ ပြောဆိုခဲ့ပါတယ်။ 



"အဲဒါမျိုးကို ကျနော်သဘောကျပါတယ်၊ နည်းပြတယေယာက်အနေနဲ့ မက်ဆီကို ကိုင်တွယ်ခဲ့ရလို့ ကျနော်ကံကောင်းခဲ့ပြီး သူက ၂ ဂိုးသွင်းထားရင် ၃ ဂိုးအထိ သွင်းချင်တဲ့သူပါ၊ တကယ်လို့ သူ ၃ ဂိုးရပြီဆိုလည်း ၄ ဂီုးသွင်းချင်ပြန်ပါတယ်၊ သူ ၄ ဂိုးရတယ်ဆိုရင်တော့ ၅ ဂိုးအထိ သွင်းချင်နေတာပါ၊ ထိပ်တန်းဂိုးသွင်းရှင်တွေ၊ တိုက်စစ်မှူးတွေက ဘယ်တော့မှ စိတ်ကျေနပ်တယ်ဆိုတာမရှိပါဘူး၊ သူတို့ကအမြဲတမ်းဆာလောင်မွတ်သိပ်နေတာပါ" လို့ ဂွာဒီယိုလာက ဆိုပါတယ်။ 

မန်စီးတီးအသင်းပင်နယ်တီရချိန်မှာတော့ ဟာလန်းက ချက်ချင်းပဲ ဘောလုံးကို ဆွဲယူခဲ့ပြီး သူ ကန်သွင်းဖို့အတွက်လုပ်ခဲ့ပါတယ်။ "အဲအချိန်မှာ တယောက်ယောက်က ဒီဘောလုံးကို ယူခဲ့မယ်ဆိုရင် သူ့အသင်းဖော်တွေမျက်နှာကိုတောင် သူ ဆွဲထိုးလိမ့်မယ်ထင်တယ်၊ အဲဒါကို ကျနော်သေချာသိတယ်၊ ဒါက ကေငာ်းတဲ့လက္ခဏာပါ" လို့ ဂွာဒီယိုလာက ထပ်မံပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က