ဆာကာလွဲချော်ခဲ့ပြီး ၂ မိနစ်အကြာမှာ ဝက်စ်ဟမ်းက ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကိန်းက ဝက်စ်ဟမ်းနဲ့ ၂-၂ သရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ အာဆင်နယ်ကို ပေးဆပ်ရမှု ကြီးမားစေခဲ့တဲ့ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆာကာကို သတင်းစကားပေးပို့ခဲ့ပါတယ်။

 

ဂန်းနားတွေဟာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူပြီးမှ သရေကျခဲ့တာဖြစ်ပြီး အင်္ဂလန်အမှတ်ပေးဖလားပြိုင်ပွဲသမိုင်းမှာ အဲဒီလို ဖြစ်ခဲ့တဲ့ ပဉ္စမမြောက်အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

အာတီတာရဲ့အသင်းဟာ ဒုတိယပိုင်း ၅၂ မိနစ်မှာ အန်တိုနီယို လက်ထိဘောကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ၃-၁ နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့်လည်း ဆာကာက လွဲချော်ခဲ့ပြီး ၂ မိနစ်အကြာမှာ ဝက်စ်ဟမ်းက ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

ဝက်စ်ဟမ်းအသင်းဟာ လန်ဒန်ကွင်းမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့တာက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကိန်းက အာဆင်နယ်ရဲ့ပွဲကို ကြည့်ရှုခဲ့ပြီး ယခုရာသီမှာ အလွန်ထူးခြားကောင်းမွန်ခဲ့တဲ့ ဆာကာအတွက် ကိုယ်ချင်းစာမိကြောင်း ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ သူတို့ကို ခွင့်လွှတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက လီဗာပူးလ် အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး ကြီးမားတဲ့ တောင်းဆိုမှုဖြစ်မှာမို့လို့ပါ။ ဒီနေ့ကတော့ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ခဲ့တာပါ။ အထူးသဖြင့် သူတို့တွေ ဝက်စ်ဟမ်းရဲ့ ပထမဂိုးအတွက် သူတို့ပေးပစ်ခဲ့တဲ့ ပထမဆုံး ပင်နယ်တီပါ။ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ကစားသမားတွေ ပင်နယ်တီလွဲတာ မြင်ခဲ့ဖူးတယ်။ အဲဒါက ဖိအားများတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး သူ အမြဲတမ်း လုပ်ခဲ့တဲ့အတိုင်း အဲဒါကို တုံ့ပြန်ပါလိမ့်မယ်။ ဝက်စ်ဟမ်းအတွက် ကြီးမားတဲ့ ရမှတ်ဖြစ်ခဲ့ပြီး သူတို့တွေ ဒုတိယပိုင်းမှာ အဲဒီသရေရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က