ဆွစ်ဇာလန်နဲ့ပွဲမှာ ၂ဂိုးသွင်းယူပြီး ဒီစံချိန်ကို ရရှိခဲ့တာပါ။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ၂ ဂိုးယူကာ ခြေစွမ်းပြခဲ့ပြီးနောက် နိုင်ငံတကာဘောလုံးလောကမှာ ပင်နယ်တီသွင်းဂိုးမပါဘဲ ဂိုးပေါင်း ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ESPN FC က ဖော်ပြခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ နေးရှင်းလိဂ်ပွဲအဖြစ် ကစားခဲ့စဉ်မှာ ခြေစွမ်းပြသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ 

နိုင်ငံတကာသွင်းဂိုး ၁၁၇ ဂိုးအထိ ရရှိထားတဲ့ ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။ အီရန်တိုက်စစ်မှူးဟောင်းအလီဒါယေးရဲ့ နှစ်ပေါင်းများစွာကြာအောင်တည်တံ့နေခဲ့တဲ့ စံချိန်ကို ရော်နယ်ဒိုက ကျော်ဖြတ်နိုင်ခဲ့သလို နောက်ထပ်သွင်းဂိုးတွေပါ ထပ်မံပေါင်းဖြည့်ပြီး တခြားကစားသမားတွေ လိုက်မီဖို့ တော်တော်လေးခက်ခဲတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား၊ အသင်းရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုရှင်ဟာ ပေါ်တူဂီအတွက် ပွဲထွက်ခွင့်ရတဲ့အချိန်မှာ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းဂိုးဧရိယာထဲမှာ နေရာယူပုံတိကျမှုနဲ့အတူ ရော်နယ်ဒိုက သွင်းဂိုးတွေ ရရှိနေဆဲဖြစ်ပြီး သူ့ရဲ့ ဘောလုံးကျလာမယ့် နေရာကို တွက်ဆမှုက အကောင်းဆုံးဖြစ်နေဆဲပါ။ 

လက်ရှိမှာဆိုရင် ရော်နယ်ဒိုက နိုင်ငံတကာသွင်းဂိုးအတွက် ဦးဆောင်နေမှုမှာ လက်ရှိကစားနေဆဲကစားသမားဖြစ်တဲ့ မက်ဆီထက် ၃၁ ဂိုးအထိ အသာစီးရရှိထားပါတယ်။ သူ့ကိုလိုက်မီဖို့အတွက်လည်း အနီးစပ်ဆုံးက မက်ဆီသာရှိနေတာဖြစ်ပြီး နောက်ထပ်လက်ရှိကစားနေဆဲကစားသမားထဲကဆိုရင် ပိုလန်အတွက် ၇၅ ဂိုးသွင်းယူထားတဲ့ လီဝန်ဒေါစကီးတဦးတည်းသာ ရှိနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က