ပရိသတ်တွေကြားမှာ အမြင်ကွဲလွဲခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အယ်လ် ရဲ့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီ ဆုံးဖြတ်ချက်ကြောင့် ဒေါသပေါက်ကွဲခဲ့တာကို တုံ့ပြန်ခဲ့ကြပါတယ်။

 

ရော်နယ်လ်ဒိုဟာ သောကြာနေ့ညနေက အယ်လ် ရဲ့ဒ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အယ်လ် နာဆာအသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပင်နယ်တီ ပေးရမယ့် ပြစ်ဒဏ်ကျူးလွန်ခံရမှု ခံခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်ကို ပြစ်ဒဏ်ဘောသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ အံ့အားသင့်တုန်လှုပ်သွားတဲ့ပုံစံနဲ့ လက်တွေကို လေထဲမှာ ဝှေ့ရမ်းခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ပရိသတ်တွေကြားမှာ အမြင်ကွဲလွဲခဲ့ကြတာဖြစ်ပါတယ်။

 

ပရိသတ်တစ်ဦးက “ကျက်သရေတုံးတဲ့ ဆုံးဖြတ်ချက်။ ဒီလိုလူတွေက ဘယ်လိုလုပ်ပြီး ပွဲတာဝန်ယူနေကြတာလဲ”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ “ပင်နယ်တီမဟုတ်ဘူး။ အရမ်းကောင်းတဲ့ ဒိုင်ဗင်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

 

မက်ဆီပရိသတ်ဖြစ်သူလို့ ယူဆရတဲ့ ပရိသတ်တစ်ဦးကတော့ “မက်ဆီနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာတွေထဲက တစ်ခုက ဒိုင်ဗင် မထိုးတတ်တာပဲ။ ကျန်တဲ့ကစားသမားတွေအားလုံးက ဒိုင်ဗင်ထိုးတတ်ကြတယ်။ အဲဒီတော့ ရော်နယ်လ်ဒိုကို အပြစ်တင်လို့မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ပင်နယ်တီဖြစ်စဉ်ဟာ ပွဲအပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ဘဲ အယ်လ်နာဆာအသင်းက ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက ပထမပိုင်း ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး အဗ္ဗဒူလ်ရာမန် အဗ္ဗဒူလာလ် ဂါးရိဗ်၊ မိုဟာမက် မာရန်၊ အယ်လ် ဆူလေဟီးမ်တို့က သွင်းဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က