ပြီးခဲ့တဲ့ ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်မှာ မက်ဆီ ပင်နယ်တီမဝင်ခဲ့တာကြောင့် ပြိုင်ဘက် ဂိုးသမား ဒိုမင်ဂွက်ဇ်က မက်ဆီကို နှစ်သိမ့်နေတဲ့ ဗီဒီယိုက ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ ဒီပွဲမှာ ပင်နယ်တီအဆုံးအဖြတ်အထိ ခံယူခဲ့ရတာပါ။
ကိုပါအမေရိကရဲ့ ကွာတားနဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာ အချိန်ပိုကစားတဲ့ စနစ် မပါဝင်ဘဲ ပင်နယ်တီ အဆုံးအဖြတ်ကို တိုက်ရိုက်ခံယူရတာပါ။ အဲ့ဒါကြောင့်လည်း အာဂျင်တီးနားနဲ့ အီကွေဒေါတို့ တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပင်နယ်တီအဆုံးအဖြတ်မှာ မက်ဆီက ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ ပန်နင်ကာကန်ချက်က ဂိုးဘားတန်း ထိထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း စိတ်ပျက်နေတဲ့ မက်ဆီကို ပြိုင်ဘက် အီကွေဒေါဂိုးသမား ဒိုမင်ဂွက်ဇ်က ချက်ချင်း အားပေး နှစ်သိမ့်ခဲ့တာပါ။
ဒါပေမယ့် အီကွေဒေါရဲ့ ပင်နယ်တီနှစ်လုံးကို အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဆီနဲ့ အာဂျင်တီးနားတို့ ကံကောင်းခဲ့ရပြီး ကိုပါအမေရိက ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ရတာပါ။