ရော်နယ်ဒိုဟာ သူ ကစားခဲ့တဲ့အသင်းတိုင်းမှာ ပင်တိုင်ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယူနိုက်တက်မှာတော့ ဖာနန်ဒက်စ်က တာဝန်ယူထားတာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ရော်နယ်ဒိုကို ပင်နယ်တီကန်သွင်းခွင့်ပေးလိမ့်မယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ သူ ကစားခဲ့တဲ့အသင်းတိုင်းမှာ ပင်တိုင်ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယူနိုက်တက်မှာတော့ ဖာနန်ဒက်စ်က တာဝန်ယူထားတာဖြစ်ပါတယ်။
"ဒါကို သူတို့သဘောတူညီထားပြီးတော့ ပင်နယ်တီကို ရော်နယ်ဒိုကန်သွင်းပြီး ဘရူနိုက အလွတ်တည်ကန်ဘောတွေကို ဝေ့ဝိုက်ကန်သွင်းပြပါလိမ့်မယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက်စ်ကတော့ ပင်နယ်တီကန်သွင်းမှုမှာ ထူးချွန်သူဖြစ်ပြီး မှတ်တမ်းအားဖြင့် လွဲချော်မှုအနည်းငယ်သာရှိခဲ့ပြီး အများစုကိုတော့ ဂိုးဝင်အောင် သွင်းယူထားနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒို ရောက်ရှိလာချိန်မှာ ဒီတာဝန်ကို ကျေကျေနပ်နပ်လွှဲပြောင်းပေးလိမ့်မယ်လို့တော့ ယုံကြည်ရပါတယ်။ လက်ရွေးစင်အသင်းမှာ သူ့ရဲ့စီနီယာဖြစ်သလို ပင်နယ်တီကန်သွင်းခွင့်လည်း ရော်နယ်ဒိုက ရယူထားလို့ အိုးထရက်ဖို့ဒ်မှာလည်း အဲဒီအတိုင်းပြုမူမယ်လို့ ယူဆရပါတယ်။