ပထမပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့က ဖြစ်ရပ်တစ်ခုနဲ့ ပတ်သက်လို့ ပရိသတ်တွေအကြား အငြင်းပွားနေကြပါတယ်။ ဒီပွဲမှာ အင်တာမီလန်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး သုံးဂိုးပြတ်အထိ အနိုင်ရရှိဖို့ အခွင့်အရေးရခဲ့တာပါ။



ပွဲကစားချိန် (၃၂) မိနစ်မှာ အင်တာမီလန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ဖြစ်တဲ့ တိုမိုရီ၊ ခါဂျာတို့နဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။ တိုမိုရီကတော့ မာတီနက်ဇ်ရဲ့ လှည့်စားမှုကြောင့် ရုပ်ပျက်ဆင်းပျက် လဲကျခဲ့ပေမယ့် မာတီနက်ဇ်ကလည်း ခါဂျာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် လဲကျခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က ကနဦးမှာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပင်နယ်တီပေးပြီး ခါဂျာကို အဝါကတ်ပြသခဲ့ပါတယ်။ ဒါပေမယ့် VAR ကြည့်ပြီးတဲ့နောက်မှာတော့ ဒိုင်လူကြီးက ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ ခါဂျာရဲ့ အဝါကတ်ကိုရော၊ ပင်နယ်တီကိုပါ ပြန်လည်ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ ပရိသတ်တွေအကြား ပင်နယ်တီဟုတ်၊ မဟုတ်ဆိုတာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး အငြင်းပွားနေကြပါတယ်။ ပရိသတ်တွေက “ဒီဆုံးဖြတ်ချက်က ဘယ်လိုများ ပြောင်းသွားရတာလဲ” “ခါဂျာက မာတီနက်ဇ်ကို ထိတောင်မထိလိုက်တာ မက်နာမန်နဲ့ ဖာဒီနန်တို့က ဘယ်လိုဖြစ်လို့ ပင်နယ်တီပြောနေရတာလဲ”

“ဒါက လုံးဝကို ရှင်းလင်းတဲ့ ပင်နယ်တီပါ” “ဒီဖြစ်ရပ်က ပင်နယ်တီမဟုတ်ပါဘူး။ မာတီနက်ဇ်ကို ဒိုင်ဗင်ထိုးတဲ့အတွက် အဝါကတ်ပြခဲ့သင့်ပါတယ်” လို့ အမျိုးမျိုး ကွဲပြားတဲ့ မှတ်ချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း မန်စီးတီးအတွက် ဒီဘရိုင်း ဂိုးမသွင်းခင် ဘောလုံးက ဘေးစည်းကျော်ခဲ့ပြီး ဒီဖြစ်ရပ်မှန်ကလည်း ပွဲပြီးမှသာ အတည်ပြုနိုင်ခဲ့ပါတယ်။ အခု အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာလည်း အငြင်းပွားဖွယ်ရာတစ်ခု ထပ်မံဖြစ်ပွားခဲ့တာပါ။ 

Share

Loading Next Article...
က္က