ဘလွန်ဒေါ ၅ ဆုရှင်က ၎င်းရဲ့ ကစားသမားဘဝ ၆၁ ကြိမ်မြောက် ဟက်ထရစ်ကို ပင်နယ်တီကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်ဝါဒါနဲ့ ကစားခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ ဟက်ထရစ်ပွဲဘောလုံးမှာ လက်မှတ်ထိုးပေးဖို့ ကွင်းလယ်ဒိုင် အယ်လ်-ဟာဘီကို တောင်းဆိုခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကလပ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ကြာသပတေးနေ့ညမှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်နဲ့အတူ ဂိုးရှေ့မှာ ၎င်းရဲ့ အစွမ်းကို သက်သေပြသခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အဗ္ဗဒူလ်လာဇစ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၂၁ မိနစ်မှာ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့အတူ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ပထပမိုင်းမပြီးဆုံးခင်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ကွင်းလယ်ဒိုင် အယ်လ်-ဟာဘီက အယ်လ်နာဆာအသင်းကို လက်ထိဘောအတွက် ပင်နယ်တီ ပေးခဲ့ပြီး ဘလွန်ဒေါ ၅ ဆုရှင်က ၎င်းရဲ့ ကစားသမားဘဝ ၆၁ ကြိမ်မြောက် ဟက်ထရစ်ကို ပင်နယ်တီကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၆၀ ပြည့်ပြီးနောက် သိပ်မကြာခင်မှာပဲ ရော်နယ်လ်ဒိုက ၎င်းရဲ့ စတုတ္ထမြောက် သွင်းဂိုးကို သွင်းယူခဲ့တဲ့အချိန်မှာ ကြာသပတေးညနေရဲ့ အကြီးမားဆုံး SUI အောင်ပွဲခံသံက လူပေါင်း ၃၈၀၀၀ ဝင်ဆံ့တဲ့ ကွင်းကြီးထဲမှာ အကျယ်လောင်ဆုံး မြည်ဟီးခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက် လိဂ်သွင်းဂိုး ၅၀၀ ပြည့်မြောက်တဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်တာကြောင့် အမှတ်ရစရာ ညတစ်ညဖြစ်ခဲ့ပြီး ပွဲအပြီးမှာတော့ အယ်လ်နာဆာ အသင်းခေါင်းဆောင်က ၎င်းရဲ့ အောင်မြင်မှုကို အထိမ်းအမှတ်တစ်ခုဖြစ်အောင် ပွဲဘောလုံးပေါ်မှာ ကွင်းလယ်ဒိုင်ကို လက်မှတ်ရေးထိုးစေခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကစားသမားဘဝ အကြိမ် ၆၀ မြောက် ဟက်ထရစ်ဘောလုံးကို မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ဂါနာချိုကို ပေးခဲ့ပြီးနောက် ၆၁ ကြိမ်မြောက် ဟက်ထရစ်ဘောလုံးကိုတော့ ကိုယ်တိုင်ပဲ သိမ်းဆည်းထားဖို့ များပါတယ်။

Share

Loading Next Article...
က္က