မာ့ခ်နိုဘယ်ရဲ့ ပင်နယ်တီကို အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာပါ။

၂-၁ နဲ့ ယူနိုက်တက်အနိုင်ရနေချိန်မှာ ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး ၂-၂ ဖြစ်တော့မယ်လို့ အားလုံးက ထင်မှတ်နေချိန်မှာ ဒီဂီယာက လက်စွမ်းပြကာကွယ်သွားပြီး အသင်းအတွက် ၃ မှတ်ရယူပေးခဲ့ပါတယ်။ 


ဝက်စ်ဟမ်းနဲ့ပွဲမှာ မာ့ခ်နိုဘယ်ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂိုးသမားဒီဂီယာဟာ ၅ နှစ်ကြာ ပင်နယ်တီမကာကွယ်နိုင်တဲ့ စံချိန်ဆိုးကို ချေဖျက်သွားနိုင်ခဲ့ပါတယ်။ ၂-၁ နဲ့ ယူနိုက်တက်အနိုင်ရနေချိန်မှာ ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး ၂-၂ ဖြစ်တော့မယ်လို့ အားလုံးက ထင်မှတ်နေချိန်မှာ ဒီဂီယာက လက်စွမ်းပြကာကွယ်သွားပြီး အသင်းအတွက် ၃ မှတ်ရယူပေးခဲ့ပါတယ်။ 

ဒီပင်နယ်တီကို ကန်သွင်းဖို့အတွက် ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်ဟာ နိုဘယ်ကို တကူးတကလူစားထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ ကံကြမ္မာအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးကန်သွင်းခဲ့တဲ့ ငါးကြိမ်စလုံး ဂိုးဝင်ထားတဲ့ နိုဘယ်ဟာ အရေးအကြီးဆုံးအချိန်မှာတော့ ဘယ်ဘက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဒီဂီယာက တိတိကျကျကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဒီဂီယာကို အားလုံးက ၀ိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီး စပိန်ဂိုးသမားကလည်း နိုဘယ်ကို လူစားထည့်သွင်းခဲ့တဲ့အပေါ် သူ အံ့အားသင့်မိတယ်လို့ ဆိုခဲ့ပါတယ်။ "ဒီကလန်ရိုက်ကို ဘောလုံးနဲ့အတူ ကျွန်တော်တွေ့ခဲ့တာပါ၊ သူ ကန်သွင်းမယ်လို့ပဲ ကျွန်တော်ထင်ခဲ့ပြီး အဲဒီနောက် နိုဘယ်ကို တွေ့လိုက်ရပါတယ်၊ နောက်ဆုံးမိနစ်အခိုက်အတန့်ပါ၊ ကျွန်တော်ကာကွယ်လိုက်နိုင်ပါတယ်၊ ကျွန်တော်တို့အတွက် ကြီးမားအရေးပါတဲ့ ၃ မှတ်ပါ"

"ကျွန်တော့်ခေါင်းထဲမှာ ငါ ဒီဘောလုံးကို ကာကွယ်ရမယ်ဆိုတာပဲ တွေးနေခဲ့ပါတယ်၊ အရေးပါတဲ့ ၃ မှတ်ဖြစ်ခဲ့ပြီးတော့ အဝတ်လဲခန်းထဲမှာ အနိုင်သုံးမှတ်ရဖို့က အရေးအကြီးဆုံးပဲလို့ ကျွန်တော်တို့ ပြောနေခဲ့ကြပါတယ်" လို့ Sky Sports က တဆင့် ဒီဂီယာက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်၊ ချယ်လ်ဆီးတို့နဲ့ ရမှတ်တူကာ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရှိနေခဲ့ပါတယ်။ 

Share

က္က