လီဗာပူးလ်အတွက်တော့ ပင်နယ်တီဆို အားကိုးရမယ့် သူပါပဲ။

လီဗာပူးလ်ကစားသမားသစ်ဖြစ်လာတော့မယ့် ဒေါမနစ်ဆိုဘော့စ်ဇလိုင်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ မှတ်တမ်းအချက်အလက်တခု ထွက်ပေါ်လာပါတယ်။ ဟန်ဂေရီကြယ်ပွင့်ကို လီဗာပူးလ်က လိုက်ဇစ်အသင်းကနေ ယူရိုသန်း ၇၀ နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာဆို ကစားသမားက အင်္ဂလန်ကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 



ရက်ဘူးလ်ဆဲဘာ့ဂျ်အသင်းမှာ ထင်ရှားခဲ့တဲ့နောက် ဆိုဘော့စ်ဇလိုင်းဟာ လိုက်ဇစ်ကို​ရောက်ရှိခဲ့ပြီး ဂျာမနီမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ သူဟာ လိုက်ဇစ်အတွက် ၂ရာသီအတွင်း ဂိုးပေါင်း ၂၈ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး ပင်နယ်တီကန်သွင်းရာမှာ ထူးချွန်သူတဦးဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ 



Transfermarkt ရဲ့ ဖော်ပြချက်အရဆိုရင် သူ့ရဲ့ကစားသမားဘ၀မှာ ပင်နယ်တီစုစုပေါင်း ၁၆ ကြိမ်အထိ ကန်သွင်းခဲ့ရာမှာ ၁ ကြိမ်သာ လွဲချော်ခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလအတွင်းက လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဖြစ်ပါတယ်။ ပိုထူးခြားတာကတော့ သူဟာ ပင်နယ်တီကန်သွင်းတဲ့အခါမှာ ထောင့်တဖက်တည်းကိုပဲ အမြဲတမ်းလိုလိုကန်သွင်းနေခဲ့တာပါ။ 

ဆိုဘော့စ်ဇလိုင်းဟာ ဂိုးသမားရဲ့ ညာဘက်ထောင့်ကိုသာ ကန်သွင်းလေ့ရှိတာဖြစ်ပါတယ်။ သူ့ရဲ့ ကန်သွင်းဟန်ကို ဂိုးသမားတွေကလည်း ရိပ်စားမိလို့ ညာဘက်ထောင့်ကိုပဲ ဒိုင်ဗင်ပစ်ဖမ်းခဲ့ပေမယ့် မဟန့်တားနိုင်ခဲ့ပါဘူး။ သူက ပင်နယ်တီကို အားခပ်ပြင်းပြင်းနဲ့ ကန်သွင်းလေ့ရှိပြီး ဟန့်တားဖို့က ခက်လှပါတယ်။ 

လီဗာပူးလ်ကို သူ ရောက်ရှိလာတော့မယ်လို့ သတင်းတွေအတည်ပြုပြီးတာနဲ့ တပြိုင်နက် သူ့ရဲ့ ပင်နယ်တီကန်သွင်းချက်တွေကို စုစည်းထားတဲ့ video clips တွေ တွစ်တာမှာထွက်ပေါ်လာပြီး လီဗာပူးလ်အတွက် ပင်နယ်တီကန်သွင်းမယ့်သူ ရောက်လာပြီလို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က