အရာအားလုံးက ချဲလ်ဆီးကို ကန့်လန့်တိုက်နေတာလို့ ခံစားနေရတာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ဘရိုက်တန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြင်းထန်တဲ့ပရီးမီးယားလိဂ်ပွဲချိန်စာရင်းနဲ့ ဒိုင်လူကြီးတွေကို ဒေါသပေါက်ကွဲနေခဲ့ပါတယ်။

ဥရောပချန်ပီယံဟာ ဗုဒ္ဓဟူးနေ့ညမှာ လူကာကူရဲ့ ပထမပိုင်း ဦးဆောင်ဂိုးကို ဒန်နီ ဝဲလ်ဘက်က နာကျင်အချိန်ပိုမှာ ချေပသွားခဲ့ပြီးနောက် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ သရေကျခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကတော့ ဘရန့်ဖို့ဒ်အသင်းကို ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် တူဟယ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။



တူဟယ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ပရီးမီးယားလိဂ်ပွဲချိန်စာရင်းကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အသင်းလူစာရင်းထဲမှာ ကိုဗစ် ကူးစက်ခံထားရသူတွေ ရှိပေမယ့်လည်း ၃၁ ရက်အတွင်း ချဲလ်ဆီးအသင်းကို ၁၀ ပွဲအထိ ကစားစေခဲ့တာဖြစ်ပါတယ်။ "သရေကျတာ တော်သေးတယ်ဟုတ်လား။ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရခဲ့ပြီး ရှင်းလင်းတဲ့ ပင်နယ်တီလည်း ရှိခဲ့ပါတယ်။ အရမ်းစိတ်ပျက်ဖို့ကောင်းပြီး အရမ်းဒေါသထွက်စရာကောင်းပါတယ်"

"ကျွန်တော်တို့ ရုန်းကန်နေခဲ့ရပေမယ့် ကျွန်တော်တို့မှာ နောက်ထပ်တစ်ကြိမ် ကစားသမား ၂ ဦး ဒဏ်ရာရသွားပါတယ်။ ဒိုင်လူကြီးက ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီဆိုတာ သေချာနေတဲ့အချိန်မှာတောင် ကျွန်တော်တို့ကို မပေးချင်ပါဘူး။ အရာအားလုံးက ကျွန်တော်တို့ကို ကန့်လန့်တိုက်နေပါတယ်။ ၁၀၀ ရာခိုင်နှုန်း ပင်နယ်တီပဲ။ ခင်ဗျား ဒိုင်ကို သွားမေး ကျွန်တော့်ကို လာမမေးနဲ့။ ကျွန်တော့်ကစားသမားတွေက ဒဏ်ရာရခဲ့တယ်။ ခင်ဗျားကို လွန်ခဲ့တဲ့ အပတ်တွေတုန်းက ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် ပြောခဲ့တယ်နော်။ တူညီတဲ့အတွေးတွေကို ခင်ဗျားကို ပြောခဲ့တာပါ"

"ကျွန်တော်တို့ ပင်ပန်းနေခဲ့တယ်ဆိုတာ သေချာပါတယ်။ ခင်ဗျား ၁၀ ရက်လောက် အိပ်ရာထဲမှာ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကစားရမယ်ဆိုရင် ပြီးတာနဲ့ ခင်ဗျား ပင်ပန်းပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က