လိုအပ်တာတွေ လှူဒါန်းဖို့အတွက် ပြင်ဆင်နေပါတယ်။

ချင်းပြည်နည်က စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တာတွေ လှူဒါန်းနိုင်ဖို့ အင်တိုက်အားတိုက်နဲ့ ပါဝင်ကူညီပေးနေတာ တွေ့ရပါတယ်။

Photo ; ဆုန်သင်းပါရ်

ချင်းလူမျိုးဖြစ်တဲ့ အဆိုတော် ဆုန်သင်းပါရ်ဟာ ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ အယောက် (၁၅၀၀)ခန့်အတွက် လိုအပ်တာတွေ လှူဒါန်းနိုင်ဖို့ Dingdi Dream Charitable Organization နဲ့ ပူးပေါင်းကာ အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

“ချင်းပြည်နယ် ၊ပလက်ဝမြို့နယ် မှာရှိတဲ့ ကျေးရွာပေါင်း(ကိုးရွာ)မှ ဆမီးမြို့နဲ့ မတူပီမြို့များ ကိုရောက်ရှိလာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ ( ၁၅၀၀) ဉီးရေ ခန့်ရှိနေပြီး ဒဏ်ရာရသူ အများပြားလည်းရှိနေပါတယ်။ ဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးများနဲ့ စားဝတ်နေရေးတို့အတွက် ဆုန်သင်းတို့ရဲ့

Dingdi Dream Charitable Organization မှသက်ဆိုင်ရာများနှင့် ပူးပေါင်းကာ လိုအပ်တဲ့ အကူအညီများရရှိနိုင်ရန် ဆောင်ရွက်နေပါတယ်။ လှူဒါန်းလိုသူများ..Ph..095188937၊ Ph..09965188937. သို့ဆက်သွယ်နိုင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo ; ဆုန်သင်းပါရ်

သူမရဲ့ စိတ်အားထက်သန်မှုကိုကြည့်ပြီး ပရိသတ်တွေကလည်းတက်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြပါသေးတယ်။ ဒီနေ့မနက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေဆီ ပို့မယ့် စားနပ်ရိက္ခာတွေကို သေချာစစ်ဆေးကာ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

Photo ; ဆုန်သင်းပါရ်

ဆုန်သင်းပါရ်က သူဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်ရင်း ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်လာတာ တွေ့ရပါတယ်။သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မီမီဝင်းဖေ၊ကော်နီ၊ တင်ဇာမော်၊ချောစုခင်တို့နဲ့အတူတူ ပရဟိတအလုပ်တွေ လုပ်ကိုင်သလို ယခုလက်ရှိမှာ Dingdi Dream Charitable Organization

အတူ စစ်ဘေးရှောင်တွေအတွက် ပါဝင်ကူညီပေးနေတာ တွေ့ရပါတယ်။

ဆုန်သင်းပါရ်ဟာ လက်ရှိမှာ သားတစ်ယောက်၊သမီးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က